ကိုဗစ်-၁၉ ကူးစက်မှုများလာသဖြင့် မွန်တွင် မဲဆွယ်မှုအချို့ ရပ်နား
diz_admin
September 21, 2020မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှာ လတ်တလောတွင် များပြားလာနေသောကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်းတချို့သည် လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းမှုများကို ရပ်နားထားကြသည်ဟု ကိုယ်စားလှယ်လောင်းအချို့ထံမှ သိရသည်။ လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာ (Facebook) မှတဆင့် မဲဆွယ်ရေး လှုပ်ရှားမှုမျိုးကို လုပ်ဆောင်နေသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်း က ပြောသည်။ “ကျွန်တော်တို့ ရွာတွေအထိ စည်းရုံးရေးဆင်းတဲ့အလုပ်တွေတော့ ခဏရပ်နား ထားတာပေါ့လေ” ဟု ၎င်းက ပြောသည်။ ၎င်း၏ မဲဆန္ဒနယ်မြေများဖြစ်သည့် သထုံနှင့် ဘီးလင်းဒေသများတွင် ပိုးတွေ့လူနာများ ရှိလာနေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် နေ့စဉ်နှင့်အမျှ တိုးလာနေသည့်အပြင် သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။ မွန်ပြည်နယ်တွင်လည်း ကူးစက်ခံရသူ နေ့စဉ်တိုးလာနေပြီး စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းထိ ထုတ်ပြန် […]


