မြေပြိုနိုင်သည့်နေရာတွင် နေထိုင်သူများကို ကြိုတင် သတိပေးမည်
diz_admin
June 1, 2020မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းက မြေပြိုမှုဖြစ်နိုင်သည့်နေရာများတွင် နေထိုင်သူများကို မြေပြိုခြင်းနှင့် ပတ်သက်သည့် ကြိုတင်သတိပေးမှုများ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထားသည်။ အဆိုပါ နေရာများအနက် ၁၄ နေရာသည် ယခင်က မြေပြိုခဲ့ဖူးသည့်နေရာများဖြစ်ပြီး နောက်ထပ်မြေပြိုရန် အလားအလာပိုများသည့်နေရာများဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။ “မြေပြိုနိုင်တဲ့နေရာက ပြည်သူတွေကို သတိပေးနိုင်တဲ့အဆင့်လောက်ပဲ ပေးလို့ရမှာ။ ပတ်ဝန်းကျင် အားလုံးအကုန်လုံး ရွှေ့ပြောင်းဖို့ ဘာဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ သို့သော် အဆိုပါနေရာ ၂၁ […]