မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်
diz_admin
January 30, 2021လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အကျဉ်းရုံး ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို သထုံမြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် မော်လမြိုင်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။ ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ပျက် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူမျိုးများ […]


