စစ်အစိုးရ၏ ကမ်းလှမ်းမှု လက်ခံသည့်အပေါ် မွန်ပါတီတွင်း သဘောထားကွဲ
diz_admin
February 19, 2021နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီအတွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည့်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီခေါင်းဆောင် အားလုံး၏ အများစု သဘောထားသာဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ “သဘောထားကွဲလွဲမှု တော်တော် ဖြစ်ကြတယ်။ အကြိတ်အနယ် ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံ သင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ်။ CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ […]


