အယောင်ဆောင်မဲပေးသူကို အမှုဖွင့်
diz_admin
November 9, 2020မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးကို အယောင်ဆောင်မဲပေးမှုဖြင့် အမှုဖွင့် အရေးယူထားသည်ဟု မော်လမြိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူ က ၎င်း၏ညီ တင်ရွှေဆိုသည့် နာမည်ပါ မှတ်ပုံတင်ဖြင့် ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲလာပေးခဲ့သည်ကို စိစစ်တွေ့ရှိ ပြီး ကော်မရှင်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ “မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ်။ တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ်။ လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော်” ဟု ဦးဌေးလွင် က ပြောသည်။ ၎င်းအား အယောင်ဆောင်မဲပေးမှုအဖြစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉(ဇ) ဖြင့်အရေးယူကာ […]