သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ
diz_admin
July 23, 2021မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။ Safe for Sick အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆရာဝန်များ စုပေါင်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ Safe for Sick အစီအစဉ်သည် ကိုဗစ်ကာလ ဖျားနာသူများနှင့် ဆေးရုံ ဆေးခန်းသွားရန် အခက်အခဲကြုံတွေ့နေရသူများအတွက် ရည်ရွယ် ကူညီပေးနေခြင်းလည်းဖြစ်သည်။ Safe for Sick မှ ဆရာဝန်များနှင့် Volunteers များက ဖုန်းဖြင့်ဆက်သွယ်လာသူများကို ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးနေသည်။ “ဖုန်းနံပါတ်တွေ ပေးထားပါတယ်၊ ဖျားတာပဲဖြစ်ဖြစ် နေမကောင်း တစ်ခုခုဖြစ်ရင် […]


