ကိုယ်စားလှယ်လောင်း ၈၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းထား
diz_admin
December 16, 2020မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ၂၁၉ ဦးရှိသည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အမည်ကို ကြေညာသည့် နိုဝင်ဘာ ၁၀ ရက်နေ့ မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၈၅ ရာခိုင်နှုန်းက အသုံးစရိတ်တင်သွင်းထားခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်နေ့ အထိစာရင်းအရ မော်လမြိုင်ခရိုင်တွင် ၉၇ ဦး၊ သထုံခရိုင်တွင် ၁၂၂ ဦးတို့က ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီးဖြစ်သည်ဟု […]