BREAKING
May 12, 2025

မွန်

ပေါင်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

diz_admin

November 14, 2021

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။ ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ၎င်း၏‌နေအိမ် ဈေးဆိုင်ရှေ့တွင် အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေစဉ် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ် ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဝဲဘက်နို့အုံဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “သေနတ်သမားတွေက အနီးကပ်လာပစ်သွားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောတယ်၊ လက်ရှိက မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ပစ်ခတ်ခံရပြီးနောက် ပေါင်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ရှာဖွေ […]

မွန်တွင် မြို့နယ် NLD ရုံး နှစ်ရုံး ထပ်မံဗုံးဖောက်ခွဲခံရ

diz_admin

November 14, 2021

မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ထပ်မံ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပေါက်ကွဲမှုက ည ၁၂ နာရီကျော်ကျော်လောက်မှာဖြစ်သွားတယ်၊ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ NLD ရုံးမှာ ပေါက်တယ်လို့ ပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ညပိုင်းကလည်း ချောင်းဆုံမြို့တွင်ရှိသည့် မြို့နယ် NLD ပါတီရုံးတွင်လည်း ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။ ဗုံးဖောက်ခွဲခံရမှုကြောင့် ချောင်းဆုံမြို့နယ် NLD ပါတီရုံး တစ်ခုလုံးနီးပါး ပျက်စီးသွားသည့်အပြင် ဘေးပတ်ဝန်းကျင်နေအိမ်အချို့လည်းထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု […]

ရေး-သံဖြူဇရပ်လမ်းမတွင် ကထိန်ခင်းပြီးပြန်လာသည့်ကားတိုက် ၇ ဦးသေ၊ ၆ ဦးဒဏ်ရာရ

diz_admin

November 12, 2021

မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ကထိန်ခင်းပြီးပြန်လာသည့် ကားနှင့် အခြားကားတစ်စီး တိုက်မိပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကုန်တွင် ကထိန်ခင်းပြီး ပြန်လာသည့် ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် light Truck မော်တော်ယာဥ်နှင့် နှစ်ကရင်ရွာလမ်းဝမှ ထွက်လာသည့် ရော်ဘာသစ်တင်ကားတို့ တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဥ်တိုက်မှုကြောင့် light Truck ယာဥ်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက်မှ ၇ ဦး ပွဲချင်းပြီး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးမြို့ အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။ ယာဥ်မောင်းနှင့် […]

ဘီးလင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

November 10, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးဆန်းထွန်းဦးသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။ ဦးဆန်းထွန်းဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဦးဆန်းထွန်းဦးသည် ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအရေးနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအတွက် တိုက်နယ်ဆရာဝန်နှင့် ဆွေးနွေးနေစဉ် အမည်မသိ သေနတ်သမားတို့က လာရောက် ပစ်ခတ်ခဲ့သည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ထားသည်ဥ ပစ်ခတ်ခံရသည့် ဦးဆန်းထွန်းဦးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ဖြစ်သွားတာက တိုက်နယ်ဆေးရုံရှေ့မှာ စကားထိုင်ပြောနေတဲ့အချိန်မှာ သေနတ်သမားတွေက လာပစ်သွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ ဦးဆန်းထွန်းဦးသည် […]

ဘီးလင်းတွင် စာသင်ကျောင်း ဗုံးပေါက်၊ PDF မဟုတ်ဟု ထုတ်ပြန်

diz_admin

November 8, 2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိတာမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပေါက်ကွဲတာ ညပိုင်းဖြစ်နေတော့ လူထိတာတော့မရှိဘူး၊ စာသင်ကျောင်းကို တိုက်ခိုက်တာက မဖြစ်သင့်ဘူး၊ အခု ကျောင်းတွေလည်း ပြန်ဖွင့်နေတယ်၊ ကျောင်းတက်တဲ့ ကလေးတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

မော်လမြိုင်တွင် ရဲဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

November 8, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းအချိန်ခန့်က ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မောင်ငံရပ်ကွက် ရွှေဗျိုးဖြူဘုရားအနီးတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းထွန်းဦးသည် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “သေနတ်ပစ်ခံရတဲ့လူက ရဲထွက်လို့ သိရတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ လဲကျ သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးသိန်းထွန်းဦးကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်တာ […]

ပေါင်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲခံရ

diz_admin

November 6, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ယမန်နေ့ညပိုင်းခန့်က ဖောက်ခွဲ ဖျက်စီးခံရကြောင်း သိရသည်။ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတားကို နိုဝင်ဘာ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။ “ညက အသံတော့ ကြားလိုက်တယ်၊ ဘာမှန်းတော့ မသိဘူး မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိရတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။ မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိသည့်အပြင် တံတားဘောင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။ အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့ (Special Force […]

ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

November 4, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏ နေအိမ်တွင် ရှိနေစဥ် သေနတ်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။ “ခြေထောက် ထိသွားတယ်လို့ သိရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဇော်ဝင်းကို ၎င်းတို့ ပစ်ခတ်ခံကြောင်း ထုတ်ပြန်ထားသည်။ ဦးဇော်ဝင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းပြင် ရေးမြို့နယ်အတွင်းရှိ […]