မွန် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ
diz_admin
December 23, 2021မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာခင်ဆောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က လာရောက် ချိတ်ပိတ်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဦးဇော်ဇော်ထူးတို့ နေအိမ်မှာက လူမရှိနေဘူး။ မနေ့ နေ့လည်လောက်က အိမ်ကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုတဲ့စာ လာကပ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အတူ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မွန်ပြည်နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာခင်ဆောင်၏ နေအိမ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတို့က ဒီဇင်ဘာ ၂၂ ရက်က ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ […]