ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
September 14, 2022မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အစင်ကျေးရွာတွင် နေထိုင်သည့် ကိုဖိုးစည်ဆိုသူကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ရေးမြို့ တူးမြောင်း ကျေးရွာအနီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပစ်သတ်ခံခဲ့ရသည့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၏ သားဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ ကိုဖိုးစည်မှာ စစ်ကောင်စီ သတင်းပေးလုပ်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများအပြင် PDF များကိုလည်း စိန်ခေါ်သူဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ပြောဆိုထားသည်။ သို့သော် အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရေးမြို့နယ်အတွင်း […]


