ရေးဘီလူးအဖွဲ့ခေါင်းဆောင် နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်
diz_admin
August 11, 2022မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီတို့က ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်ရှိသည့်ရေးဘီလူးအဖွဲ့ခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သြဂုတ်လ ၆ ရက်နေ့က လာရောက် ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ ရေးဘီလူးအဖွဲ့က ရေးမြို့ လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ရေးဘီလူးအဖွဲ့ခေါင်းဆောင် နေအိမ်အား စစ်ကောင်စီက ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ “အဲအိမ်မှာ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက လူမရှိဘူး လူမနေကြတော့ဘူး” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ ၎င်းပြင် ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေးမည်ဟု ထုတ်ပြန်ထားသည်။ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏အဖေ ခေါင်းချသွားသည့် နေအိမ်အသိမ်းခံရမှုအတွက် စိတ်ကောင်းကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။ ရေးဘီးလူးအဖွဲ့သည် ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူများကို ပစ်ခတ်ရှင်းလင်းမှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။ […]


