ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုးတောင်သို့ ဘုရားဖူးလာရောက်မှု နည်းပါး
diz_admin
October 20, 2022မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးလာရောက်မှု နည်းပါးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားဖူးအမျိုးသမီး သုံးဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်သည့်ကာလတွင် ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသော်လည်း ပစ်ခတ်မှုကြောင့် ဘုရားဖူးလာသူ မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်မှုဖြစ်ပြီးတော့ ဘုရားဖူးတွေ အတော်နည်းသွားတယ်။ ဆိုင်တချို့လည်း ပိတ်ထားကြတယ် ကင်းမွန်းစခန်းမှာ” ဟု ကင်းမွန်းစခန်းဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးသို့ ဘုရားဖူးလာခွင့် မပိတ်ထားသော်လည်း ကင်းမွန်းစခန်းနှင့် တောင်တက် ကားလမ်း တစ်လျှောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ထားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အခုက […]


