ရေးမြို့ အာဇာနည်ဗိမာန် ဖျက်ဆီး ခံရ
diz_admin
February 5, 2020မွန်ပြည်နယ် ရေးမြို့ရှိ အာဇာနည် ဗိမာန်သည် ဇန်နဝါရီ ၂၉ ရက်နေ့ ည ပိုင်းခန့်က ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ အာဇာနည်ဗိမာန်သည် ရေးမြို့ဘောလုံးကွင်းဝင်းထဲတွင် တည် ဆောက်ထားပြီး ပတ်ဝန်းကျင်တွင် လူ နေအိမ်မရှိဘဲ ဘုန်းကြီးကျောင်းတစ်ကျောင်းသာ တည်ရှိသည်။ လက်ရှိတွင် မည်သူမည်ဝါက ဖျက်ဆီးသည်ကို မသိရသေးကြောင်း ရေးမြို့ခံ အချို့ထံမှ သိရသည်။ အဆိုပါ အာဇာနည်ဗိမာန်တွင် ယမန်နှစ်ကလည်း အာဇာနည်နေ့ မတိုင်မီ တိုင်လုံးတချို့ ဖျက်ဆီးခံခဲ့ရဖူးကြောင်း ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။ “ညက တစ်ခါ ဖျက်ဆီးခံရပြန်ပြီ။ ဒီတိုင်လုံးတွေဟာ သံချောင်းတွေသုံးပြီး ကွန်ကရစ်နဲ့ အခိုင်အမာလုပ်ထားတာမို့ လက်ချည်း သက်သက်နဲ့ ဖျက်လို့ မရနိုင်သလို လူတစ်ဦးနှစ်ဦးလောက်နဲ့လည်း တခဏအတွင်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ […]


