MCL ဘိလပ်မြေစက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်
diz_admin
July 20, 2020မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကုန်ထုတ်လုပ်မှုများ ရပ်တန့် လိုက်ပြီဖြစ်ကြောင်း စက်ရုံ၏ ထုတ်ပြန်ချက်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်မည်ဖြစ်ကြောင်း မော်လမြိုင် ဘိလပ်မြေစက်ရုံ၏ ရှယ်ယာ အများဆုံးပိုင်သည့် SCG ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေညာထားသည်။ ယင်းသို့ ပိတ်သိမ်းမည့်အကြောင်း တင်ပြသည့်စာကို မွန်ပြည်နယ်အစိုးရသို့ မိတ္တူပေးပို့ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် စက်ရုံရှိ […]


