မွန်လူငယ်များ ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား
diz_admin
March 3, 2020မွန်လူငယ်များအကြား ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား နေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသည့် မွန်လူငယ်များထံမှ သိရသည်။ အဆိုပါ သုံးသပ်ချက်သည် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းစဉ်များ လုပ်ရင်း တွေ့ရှိသည်များကို သုံးသပ်ခြင်းဖြစ်ပြီး သီးခြား သုတေသနပြုထားသည့် တွေ့ရှိချက် မဟုတ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် စိတ်ဝင်စားမှု ပိုများစေသည့် အကြောင်း ရင်းများအနက် မွန်တစ်ပါတီတည်း ဖြစ်သွားသည့် အခြေအနေကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မွန်လူငယ် အဖွဲ့အစည်းများက ပြောသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပိုမိုရရှိလာခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားလာခြင်း ကြောင့်လည်း မွန်လူငယ်များ မဲပေးရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်း နေသည့် ရေးမြို့နယ် မွန်လူငယ်ကွန်ရက် […]