အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် တိုက်ပွဲဖြစ်
Dawei Watch
March 29, 2024အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အထိအခိုက်ရှိကြောင်း AA က ထုတ်ပြန်သည်။ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် အခြား တပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် AA တို့ မတ်လ ၂၆ ရက်က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ကောင်စီက ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရပြီး AA ဘက်ကမူ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိကြောင်း ဆိုသည်။ တိုက်ပွဲအတွင်း […]


