အကျဉ်းသား ၅၈၀၀ ကျော် လွတ်ငြိမ်းခွင့်ပြု၊ နိုင်ငံရေးအကျဉ်းသားခြောက်ရာခန့်ပါ
Dawei Watch
January 4, 2025(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်။ ယင်းအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ၊ ၅၀၅ (ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယနေ့သရုပ်ဆောင်မော်ဒယ်လ် သင်ဇာဝင့်ကျော်လည်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသည်ကို တွေ့ရသည်။ သင်ဇာဝင့်ကျော်ကို […]


