အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ဦးသေဆုံး
Dawei Watch
June 26, 2024မန္တလေး အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းများက ရိုက်နှက်သဖြင့် ဇွန်လ ၂၀ရက်တွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားသည် စစ်ကိုင်းဒေသခံ ကိုထက်ရန်နိုင် (ခေါ်) ကိုထက်ထက် ဖြစ်သည်။ ၎င်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။ ဇွန်လ ၂ဝရက် နံနက်တွင် အိုးဘိုအကျဉ်းထောင်၊ အိပ်ဆောင် ၃ မှ အခန်းစာရေးအကျဉ်းသားက မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ကို လက်ပူးလက်ကြပ်မိ၍ ကိုထက်ရန်နိုင်က တိုင်တန်းရန်ကြိုးစားစဉ် တန်းစီးဖြစ်သူက ညှိနှိုင်းပေးသဖြင့် မတိုင်တန်းဖြစ်ဘဲ ပြေလည်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် အခန်းစာရေးဖြစ်သူက မကျေနပ်သဖြင့် အိပ်ဆောင် ၃ […]


