လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်က ဖြတ်သန်းခွင့်ပြန်ရ
Dawei Watch
September 3, 2024စစ်မှုထမ်းအသက် အကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကော့သောင်းမြို့ခံများထံမှသိရသည်။ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား မနေ့က ပိတ်ထားရာမှ ယနေ့စက်တင်ဘာလ ၃ရက်တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း ၎င်းတို့က ဆိုသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို ၇ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက စက်တင်ဘာလ ၂ ရက် နံနက်မှ စတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ယင်းနောက် ယနေ့နံနက်မှစကာ စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိ အမျိုးသားများကို ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ပြန်ထုတ်ပေးနေပြီး သွားလာခွင့်ပြုလိုက်ကြောင်း TBP လက်မှတ်အား ယနေ့ သွားလုပ်ခဲ့သူ တစ်ဦးက […]


