မီဒီယာထံ သတင်းပေါက်သည်ဟုဆိုကာ ကော့သောင်း ကံမော်ကြီးရွာသားများကို စစ်ကောင်စီတပ်ခြိမ်းခြောက်
Dawei Watch
February 14, 2024ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခဲ့ဖူးသည့်ဖြစ်စဉ်ကို သတင်းဌာနထံ ဖြေကြားပေးသည်ဟုဆိုကာ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ကံမော်ကြီးရွာသားများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဝင်လာပြီး PDFများကို လာရှာသည်ဟုဆိုကာ ကင်းပုန်းလာဝပ်ချိန် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း ၎င်းတို့ သွားလေရာဖမ်းခေါ်သွားပြီး နောက်ပိုင်းမှ ပြန်လွှတ်ခဲ့ဖူးကြောင်း Dawei Watch က သတင်းဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံအချို့က သတင်းဌာနထံ ပြောကြားသည်ဟုဆိုကာ ကံမော်ကြီးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးစံရွှေအောင် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်ဆယ်ဦးခန့်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဘာလိအော်ရွာရှိ စစ်ကောင်စီတပ်စခန်းသို့ခေါ်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း […]