ကော့သောင်းတွင် အိမ်ခြံမြေအရောင်းအဝယ်အေး
Dawei Watch
November 12, 2024ကော့သောင်းမြို့တွင် အိမ်ခြံမြေဈေးကွက်အေးနေပြီး အရောင်းအဝယ်နည်းပါးနေကြောင်း အိမ်ခြံမြေအရောင်းအဝယ် လုပ်နေသူအချို့က ပြောသည်။ ကထိန်ရာသီစသည့် ယခုနှစ်ပွင့်လင်းရာသီမှစတင်ကာ အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းကာလမတိုင်မီက တစ်လလျှင် ပျမ်းမျှ မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်လလျှင် နှစ်ကွက်ခန့်သာ အရောင်းအဝယ်ရှိခဲ့ကြောင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ထို့အပြင် ထိုင်းဘတ်ဈေးက အကျဘက်တွင်ရှိနေခြင်းကြောင့်လည်း ဝယ်သူနည်းပြီး အရောင်းအဝယ် မရှိသလောက် ဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ကော့သောင်းမြို့တွင် အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာ၌ ထိုင်းဘတ်ငွေကိုသာ သုံးစွဲကြပြီး လက်ရှိတွင် ထိုင်းငွေ တစ်ဘတ် လျှင် ၁၃၀ ကျပ်နီးပါးသာ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်လများကမူ တစ်ဘတ်လျှင် ၁၆၀ ကျပ်ဝန်းကျင်အထိ ဈေးရှိခဲ့သည်။ “အဓိက ကတော့ ဘတ်ဈေးကျနေလို့။ ဘတ်ဈေးတက်ရင် အဝယ်ပြန်လိုက်တယ်။ […]


