ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်းတွင် ရေငန်ပုစွန် မွေးမြူရန် မြေယာလျှောက်ထားမှု ရွာသားများ ကန့်ကွက်

diz_admin

July 13, 2020

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ကော့သောင်းမြို့နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေး ပြုလုပ်ရန် မြေနေရာလျှောက်ထားလာမှုကို ကျေးရွာနေပြည်သူများမှ ကန့်ကွက်လိုက်ကြသည်။ ကော့သောင်းမြို့နယ်၊ စူငယ်ဘာ လိုင်းကျေးရွာအုပ်စု၊ အောင်ဇမ္ဗူရွာတွင် ရွှေကံမော်အကွာ ကာချားကုမ္ပဏီမှ ပုစွန်မွေးမြူရန် မြေဧကရှစ်ရာ လျှောက်ထားလာမှုအပေါ် ရွာသား ရှစ်ဆယ်ကျော်မှ လက်မှတ်ထိုးကာ ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။ အောင်ဇမ္ဗူကျေးရွာ ကွင်းအမှတ် (1 OSS ) တွင် ဧကရှစ်ရာနှင့် ကွင်းအမှတ် (2 OSS ) ဂျပန်ကမ်းခြေ ဒီရေ တောတွင် မြေလွတ်မြေလပ်မြေရိုင်းအဖြစ် ဧကသုံးရာအား လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု အောင်ဇမ္ဗူကျေးရွာမှ ဆရာတော် ဦးဇောတိက ကမိန့်ကြားသည်။ ယင်းသို့ လျှောက်ထားလာသည့် မြေဧရိယာရှစ်ရာအတွင်း တောင်သူများ၏ ဥယျာဉ်ခြံမြေများ၊ ဓနိတောမြေများ၊ တောင်သူစိုက်ပျိုးမြေများ၊ […]

ရွာသားနှင့် တာဆာကီစာချုပ် တစ်ဖက်သတ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရှင်များပြော

diz_admin

July 13, 2020

ဘုတ်ပြင်းမြို့နယ်ရှိ လငန်းရွာသားများနှင့် တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီတို့ ရေးထိုးထားသည့် စာချုပ် တစ်ဖက်သတ်ဖြစ်နေပြီး ခိုင်မာမှုမရှိဟု ဘုတ်ပြင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်များက ပြောဆို လိုက်သည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းနှင့် ဥပဒေပညာရှင်များ ဇူလိုင်လ ပထမပတ်က လငန်းကျေးရွာသားများနှင့် တွေ့ဆုံ ပြီးနောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ရှေ့မှာ ရေးထိုးထားတာလည်း မဟုတ်ဘူး။ လူလေးယောက်တည်း ရေးထိုးထားတဲ့ စာချုပ်ဖြစ်နေတယ်။ ခိုင်မာမှုမရှိဘူး တစ်ဖက်သတ် ဖြစ်နေတယ်” ဟု ဦးနေ လင်းထွန်းက ပြောသည်။ ယင်းအပြင် စာချုပ်ပါအပေါ် စာပိုဒ် အချက်အလက်များတွင် မက်လုံးအချို့ ပေးထားပြီး အောက်စာပိုဒ်တွင်မူ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက စစ်ဆေးပြီး၂၀၀၈ အခြေခံဥပဒေနှင့်ရော မြန်မာပုလဲလုပ်ငန်း တည်ဆဲဥပဒေဖြင့်ပါ အရေးယူမည်ဟုလည်း […]

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

diz_admin

July 13, 2020

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]

မည်သူမျှ မအောင်သည့် ကော့သောင်း လျှပ်စစ်တင်ဒါ အောင်မှတ် အပြောင်းအလဲ လုပ်မည်

diz_admin

July 13, 2020

၀င်ပြိုင်သော ကုမ္ပဏီအားလုံး အောင်မှတ်မရခဲ့သည့် ကော့သောင်း လျှပ်စစ်တင်ဒါအတွက် အနည်းဆုံးဖြစ်ရ မည့်အောင်မှတ်ကို အပြောင်းအလဲလုပ်ကာ ပြန်ခေါ်ရန် ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော ကြားသည်။ ဖြေလျှော့ရမည့်အပိုင်းကို တင်ဒါကော်မတီက ဆွေးနွေးထားပြီး အနီးစပ်ဆုံး ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။ ပြီးခဲ့သည့်လက ပြုလုပ်သည့် ကော့သောင်းလျှပ်စစ်တင်ဒါတွင် တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ ကုမ္ပဏီ ၆ ခု ဝင်ပြိုင်ခဲ့သော်လည်း Technical Proposal (နည်းပညာအဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်လိုက်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။ “တင်ဒါစည်းမျဉ်းစည်းကမ်းကို ကက်ဘိနက် ဖြတ်မယ်။ ခွင့်ပြုမယ်ဆိုရင် ကြေညာမယ်။ ကြေညာပြီးရင် အဆိုပြုလွှာကို ဒီပုံး (တင်ဒါဖိုင်များထည့်သည့် ပုံး) ထဲကို ရောက်မှ […]

ကော့သောင်းတွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိ

diz_admin

July 6, 2020

ကော့သောင်းမြို့တွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အေးရိပ်ငြိမ်ရပ်ကွက်ရှိ နေအိမ်တန်းလျားတွင် မူးယစ်ဆေးသတင်းအရ ဇွန်လ ၂၀ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ဝင်ရှာစဉ် အသက် ၂၉ နှစ် အရွယ်နှင့် ၄၃ နှစ်အရွယ် လင်မယားစုံတွဲကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းအချိန်တွင် ဇနီးဖြစ်သူ၏ ပေါင်အောက်တွင် ပလပ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၉၇၅ ပြားကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ လင်မယားကို သက်ဆိုင်ရာမူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ကော့သောင်းတွင် တရားမဝင် ငါးသယ်လှေတစ်စီး ဖမ်းမိ

diz_admin

July 6, 2020

ကော့သောင်းတွင် တရားမဝင် ငါးသယ်လှေတစ်စီးကို တပ်မတော်ရေက ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၇ နာရီ ခွဲခန့်က ကျောက်ဖြူကျွန်းအရှေ့ဘက်တွင် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်နေသည့် မသင်္ကာဖွယ်လှေ တစ်စီးကို တပ်မတော်ရေယာဉ်က တွေ့ရှိ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါ မသင်္ကာသည့်လှေကို ခေါ်ယူစစ်ဆေးရာ လှေ၏ စက်ဂရမ်ပါသော်လည်း လှေအတိုင်းအတာနှင့် စက်အမျိုးအစား ကွဲလွဲနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထို့အပြင် ဆိပ်ကမ်းအာဏာပိုင်၏ ပင်လယ်ပြင်ထွက်ခွာ ခွင့်ပြုမိန့်နှင့် လုပ်ငန်းလိုင်စင်လည်း မပါကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အထက်ပါငါးသယ်လှေပေါ်တွင် အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ပြီး အဆိုပါလှေနှင့် လှေသားများကို ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံ တပ်မတော်ရေက လွှဲပြောင်းပေးခဲ့ကြောင်း […]

ဆလုံ သင်္ချိုင်းနေရာ ပြန်ပေးပါ

diz_admin

July 6, 2020

မိဘဘိုးဘွားအဆက်ဆက် အသုံးပြုလာသည့် သင်္ချိုင်းဟောင်းအား ပြန်လိုချင်ကြောင်း ဆလုံလူမျိုးများက တောင်းဆို လိုက်သည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာတွင်နေထိုင်သည့် မော်ကင်းဆလုံလူမျိုးများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အလယ်မန်ကျေးရွာနေ ဆလုံလူမျိုးအစဉ်အဆက် အသုံးပြုခဲ့သည့် မူလသင်္ချိုင်း ဟောင်းရှိရာ ညောင်ပင်အော်တွင် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ၍ လုပ်ငန်းရှင်တစ်ဦးက ဥယျာဉ်ခြံအဖြစ် ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်လာသည့်အတွက် မြှုပ်နှံခွင့်မရရှိတော့ဘဲ အခြားသင်္ချိုင်းတွင် သွားရောက်မြှုပ်နှံနေရကြောင်း ယင်းကျေးရွာနေ ဆလုံလူမျိုးများက ပြောပြသည်။ ဆလုံလူမျိုးများမှ မိမိတို့အစဉ် အဆက်မြှုပ်နှံခဲ့သည့် သင်္ချိုင်းပြန်ရရေး တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်မရသေးဟု ၎င်းတို့က ဆိုသည်။ “ကျွန်မတို့အားလုံးကသေရင်မိဘဘိုးဘွားတွေ မြှုပ်ထားတဲ့နေရာမှာပဲ သေချင်တယ်။ အားလုံးကလည်း ပြန်လို ချင်ကြတယ်” ဟု အသက်၅၀ခန့် ဆလုံအမျိုးသမီးဒေါ်ဗြားက ပြောသည်။ လက်ရှိအချိန်တွင် ဆလုံမဟုတ်သော အခြားလူမျိုးများ စုပေါင်းအသုံးပြုနေသော သင်္ချိုင်း၌မြှုပ်နှံနေရပြီး ယင်းအခြေအနေကို […]

မိကျောင်းကိုက်ခံရသည့် ကလေး ရှာမတွေ့သေး

diz_admin

July 1, 2020

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စု၊ မနိုးရုံးချောင်းတွင် ရေဆင်းကူး သည့် ကလေးငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး မိကျောင်းရော ကလေးပါ ရှာမတွေ့သေးကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။ မနိုးရုံးချောင်းတွင် ဇွန်လ ၂၂ ရက် နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မိကျောင်း ဆွဲသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်အထိ ရှာဖွေခဲ့သော်လည်း တွေ့ရှိရခြင်း မရှိသေးကြောင်း မနိုးရုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းထွန်းမြင့်သိန်းက ပြောသည်။ “ကျွန်တော်တို့ သုံးရက်ဆက်တိုက် ရှာပြီးပြီ၊ ရှာလို့ မတွေ့သေးပါဘူး။ ဒီနေ့တော့ နားထားပါတယ်” ဟု ၎င်းက ပြောသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနေ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး ချောင်းအတွင်းရေဆင်းကူးကြပြီး လှေဆိပ်နေရာအရောက်တွင် […]