ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့
diz_admin
August 4, 2020ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ကြိုတင်တွက်ဆထားသည့်အတိုင်းဖြစ်လာပြီဖြစ်သည်။ ကော့သောင်းမြို့တွင် ကိုရိုနာရောဂါပိုး တွေ့လူနာရှိလာလေပြီ။ တနင်္သာရီတိုင်းသားများ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများနေခြင်း၊ ယင်းအလုပ်သမားများမှာ ကော့သောင်းနယ်စပ်မှ နည်းအမျိုးမျိုးဖြင့် ဝင်လာနေခြင်းတို့ကြောင့် ထိုကဲ့သို့ မှန်းဆထားခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု “နယ်စပ်ကလည်း မိုင်အများကြီးလေ။ ဝင်ပေါက်တွေကအများကြီး။ လုံးဝ မဝင်ရဘူးလို့ ပိတ်ဖို့ကလည်း အခက်အခဲ ရှိတယ်လေ။ အဲဒီထဲမှာ မလေးပြန် ဆိုတာက အန္တရာယ်များတယ်လေ။ မလေးမှာက ဖြစ်ပွားမှုများတာလည်းပါတယ်။ များတဲ့အတွက်ကြောင့် နယ်စပ်ကို မထိန်းနိုင်ရင်တော့ တစ်ချိန်ချိန်မှာ ဒါဖြစ်မယ်ဆိုတာ မှန်းထားပြီးသားပေါ့” ဟု ဒေါက်တာလင်းထိုက်က ပြောသည်။ ဇူလိုင်လ ၂၈၊ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်ပိုးတွေ့လူနာသုံး ဦးရှိသည်။ ထိုသူ […]


