အလုပ်ခိုကပ်သည်ဟုဆိုကာ စကားများပြီး တူဖြင့်ထုသတ်
diz_admin
July 13, 2020ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပန်းရန်လုပ်ငန်းခွင်တွင် အလုပ်ခိုကပ်သည်ဟုဆိုကာ စကားများပြီး တူဖြင့်ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထောင်ခမတ်ကျေးရွာအုပ်စုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ချိန်၌ အလုပ်မလုပ်ဘဲ ခိုကပ်နေသည်ဟုဆိုကာ ဇူလိုင်လ ၈ ရက်နေ့က အလုပ်သမားအချင်းချင်း စကားများကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စကားများကြစဉ် အသက် ၃၈ နှစ်အရွယ် အမျိုးသားက ၎င်းနှင့် အချင်းများနေသည့် အမျိုးသားကို ဆိတ်ချိုတူဖြင့် ထုလိုက်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ တူဖြင့်ထုလိုက်ရာ အချင်းများနေသည့် အမျိုးသားကိုမထိဘဲ နံဘေးရှိ အခြား အမျိုးသား၏ ဦးခေါင်းကို ထိမှန်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ဦးခေါင်းထိခိုက်မိသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားကို ဘုတ်ပြင်း ဆေးရုံသို့တင်ပို့ပြီး အမှုဖွင့်စစ်ဆေးနေ ချိန်တွင် ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် […]


