ထိုင်းနိုင်ငံသို့ပို့ခိုင်းသည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာနီးပါးတွေ့
diz_admin
August 19, 2020ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့မည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာကျော် တွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဏ္ဏဝါရပ်ကွက် ၊ ကမ်းနားလမ်းရှိ ပဲ့ချိတ်လှေဆိပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က ပဲ့ချိတ်မောင်းသူတစ်ဦးသည် ရနောင်းဘက်ခြမ်းသို့ ပို့မည့်ပို့ကုန်များ လက်ခံနေစဉ် Click-I စီးလာသည့် အသက် ၁၈ နှစ်ခန့်ရှိ အမျိုးသမီးရောက်လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။ တိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်မှု ကော့သောင်းထိပ်ပြေး ရဲမှတ်တမ်းအရ သိရသည့် ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ထိုအမျိုးသမီးက ပါဆယ်ထုပ်တစ် ထုပ်လာအပ်ပြီး ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေတစ်ရာနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ပါက ပါဆယ်ထုပ်လာယူ မည့်သူကို ဆက်သွယ်ရန် ထိုအမျိုးသမီးက ဖုန်းနံပါတ်တစ်လုံး ပေးခဲ့သည်။ ပဲ့ချိတ်မောင်းသူက မသင်္ကာသဖြင့် ပါဆယ်ထုပ်ကို […]


