ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်မိ၊ မူးယစ်ဆေးဥပဒေအပြင် လဝကဥပဒေဖြင့်ပါ အမှုဖွင့်

diz_admin

September 10, 2020

ကော့သောင်းမြို့နယ်အတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်ဖမ်းမိသဖြင့် မူးယစ်ဆေး ဥပဒေပုဒ်မအပြင် လဝကဥပဒေပုဒ်မ ဖြင့်ပါ အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်လုံးဖောကျေးရွာတွင် ထိုင်းနိုင်ငံသားတစ်ဦး ရောက်နေကြောင်း သတင်းအရ သြဂုတ်လ ၁၂ ရက်နေ့က သွားရောက် စစ်ဆေးရာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့ အဆိုပါ အမျိုးသားကိုင်ထားသည့် ဆာလာအိတ်ကို စစ်ဆေးရာ ဘိန်းစာ ရွက်အစို နှစ်ကီလိုဂရမ်ခန့်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဘိန်းစာရွက်များဖမ်းမိသည့် အမျိုးသားကို သက်ဆိုင်ရာ မူး/စိတ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည့်အပြင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး […]

ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

diz_admin

September 8, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ထားရာ လက်ရှိအချိန်ထိ လျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ် လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် တင်ဒါပိတ်မည်ဖြစ်သည်။ သို့ရာတွင် စက်တင်ဘာလ ၂ ရက် နေ့အထိ လာလျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့ “အရင်တုန်းကလည်း နောက်ဆုံး ပိတ်ရက်မှ လာလျှောက်ကြတယ်” ဟု ဦးအောင်သူရက ပြောသည်။ လက်ရှိခေါ်ယူထားသည့် တင်ဒါ မှာ ဒုတိယအကြိမ်ပြန်ခေါ်ခြင်းဖြစ်သည်။ ပထမအကြိမ်တင်ဒါကို ယခုနှစ် […]

ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

diz_admin

September 8, 2020

ကော့သောင်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် သုံးဦးနှင့် ထိတွေ့မှုရှိ ခဲ့သူ ၄၀ ဦး‌ကျော်တွင် ရောဂါပိုးမတွေ့ ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။ ကော့သောင်းမြို့တွင် ဟိုတယ် ကွာရန်တင်းဝင်နေသည့် နေရပ်ပြန် သင်္ဘောသားသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ အဆိုပါ ကိုဗစ်ပိုးတွေ့သူတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများနှင့် သင်္ဘောသားတို့၏ ဓာတ်ခွဲနမူနာ လေးဆယ်ကျော်နှင့် ကွာရန်တင်းစခန်းဝင်သူတို့၏ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄၀၁ ခုအား အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးဝန်ထမ်းတွေလည်း ပါတယ်။ […]

အခြေတိုးမြင့် ကျန်ကောင်းသင့်၏- ကော့သောင်းအရေးအား တွေးဆခြင်း

diz_admin

September 5, 2020

“ကော့သောင်း” ဟုဆိုလျှင် မြန်မာပြည်တောင်စွန်း အငူအချွန်လေးက သာယာလှပလွန်းတဲ့ မြို့ကလေးဆိုတာ မြန်မာပြည်သူပြည်သားအားလုံး သိကြပေလိမ့်မည်။ ရှားရှားပါးပါး ပင်လယ်ဆိပ်ကမ်းရှိသည့် နယ်စပ်မြို့လေးဖြစ်၍ ကုန်သွယ်ရေးလုပ်ငန်းနှင့် ပင်လယ်ရေ ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် မြို့ငယ်သော်လည်း စည်ကားပြီး နိုင်ငံအနှံ့အပြားမှ စီးပွားလာရှာရ သည်အထိ စီးပွားရေးအချက်အချာကျ ဖွံ့ဖြိုးလှသည့် နာမည်ကျော်နယ်စပ်မြို့လေး ဖြစ်ခဲ့ပါသည်။ “ရွှေကော့သောင်း” ဟုပင် ခေါ်တွင်ခဲ့ကြသည်။ နယ်စပ်မြို့ တို့ထုံးစံ ပျော်စရာရွှင်စရာ ဆန်းသစ်မှု များစွာနှင့် ငါးဖမ်းစက်လှေများ၊ လုပ်ငန်းရှင် ကုန်သည်ကြီးများ၏ တစ်ထောက်နား အပန်းဖြေငွေသုံးရာ မြို့လေးအဖြစ် စီးပွားဖြစ်ကာ ငွေရှာရလွယ်သည့် မြို့ကလေး ဖြစ်ခဲ့ပါသည်။ ထိုမြို့ကလေးသည် ၁၉၉၆/၁၉၉၇ ခုနှစ်များအတွင်း မြိတ်မြို့တွင် တိုင်းရုံးများ အခြေစိုက်ခဲ့ချိန်မှစ၍ မြင်ကွင်း အခြေအနေများ တစ်မျိုးပြောင်းလဲခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများ လျော့ပါးကာ တဖြည်းဖြည်းအားနည်းခြောက်ကပ် လာခဲ့ပါသည်။ […]

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ထိုးကျ

diz_admin

September 4, 2020

တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ယခုနှစ်တွင် ထိုးကျသွားသည်ကို တွေ့ရသည်။ ယမန်နှစ်နှင့် ယခုနှစ် ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာသန်းငါးရာကျော် ကျဆင်းသွားခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ၁၁ လခန့်ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းနှစ်ထောင်ကျော် ရှိသည်။ ယခင်နှစ် ကာလတူတွင် ရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း သုံးထောင်ခန့်ရှိသည်။ ထိုကာလတူနှစ်ခု၏ နှိုင်းယှဉ်ချက်အရ ကုန်သွယ်မှုပမာဏက အမေရိကန် ဒေါ်လာ ၅၂၂ သန်း ကျဆင်းသွားခြင်းဖြစ် သည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်နေသည့် ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုရှိသည်။ ယမန်နှစ် အောက်တိုဘာလမှ […]

ရနောင်းသို့ပို့သည့် ရေထွက်ကုန် တိုးလာ

diz_admin

August 25, 2020

ကော့သောင်းမြို့မှ တစ်ဖက်ကမ်း ရနောင်းမြို့သို့ တင်ပို့သည့် ရေထွက်ကုန်များ တိုးလာကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ရေထွက်ပို့ကုန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကုန်တန်ချိန် တစ်သိန်း ကိုးသောင်းကျော်၊ အမေရိကန်ဒေါ်လာ ၁၃၉ သန်းဖိုး ရရှိခဲ့ရာမှ နောက်တစ်နှစ်တွင် ကုန်ချိန်တန်ပေါင်း နှစ်သိန်းသုံးသောင်း၊ အမေရိကန်ဒေါ်လာ ၁၇၂ သန်းကျော်ဖိုး ရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် က ပြောသည်။ ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံမှု နေ့တွင်းချင်း ပြင်ဆင်ပြီး ယင်းနောက် ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ဇွန်လအထိ စာရင်းများအရ ကုန်တန်ချိန်ပေါင်း နှစ်သိန်းသုံးသောင်းကျော်ကို တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁၅၂ သန်း ရရှိပြီးဖြစ်သည်။ “နောက်ထပ် လေးလ […]

ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံမှု နေ့တွင်းချင်း ပြင်ဆင်ပြီး

diz_admin

August 25, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကျွံကျခဲ့သော ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးအား နေ့တွင်းချင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကော့သောင်းခရိုင် လမ်းဦးစီးဌာနမှ သိရသည်။ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လည် ၁၂ နာရီတွင် ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ခဲ့ကာ ညနေ ၃ နာရီတွင်မူ အသွားအလာအားလုံးကို ပြန်လည် လုပ်ဆောင်နိုင်ခဲ့သည်ဟု အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းမောင်က ပြောသည်။ ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး “အားလုံးသွားလို့ရပါပြီ။ ဆက်ပြီးတော့လည်း ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါလမ်းကို ကော့သောင်း ခရိုင်လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ယန္တရားများနှင့် လမ်းလုပ်သားအင်အား ၁၀ဝ ခန့်ဖြင့် ပြုပြင်ခဲ့သည်ဟု ယင်းဌာနထံမှ သိရသည်။ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း (ကရသူရိမြို့အပိုင်း) […]

ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

diz_admin

August 25, 2020

ထားဝယ်ခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးတို့တွင် ကြန့်ကြာနေသည့် အမှုအရေအတွက် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ ယခုနှစ်ဇူလိုင်လကုန်အထိ တနင်္သာရီ တိုင်းအတွင်းရှိ တရားရုံးအသီးသီးတွင် တစ်နှစ်မှ သုံးနှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်မှု ၆၉ မှုနှင့် တရားမကြီးအမှု ၁၉ မှုရှိကြောင်း တိုင်းတရားလွှတ်တော်ရံးထံမှသိရပြီး အဆိုပါ တရားရုံးနှစ်ခုတွင် အများဆုံးဖြစ်သည်။ ဇူလိုင်လကုန်အထိစာရင်းအရ ထားဝယ် ခရိုင်တရားရုံးတွင် တစ်နှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်အမှု ခြောက်မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု တစ်မှုရှိပြီး ကော့သောင်းမြို့နယ် တရားရုံးတွင် တစ်နှစ်အထက်ကြာနေသည့် ရာဇဝတ်အမှု(အချုပ်/ခံဝန်) ၁၆ မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု သုံးမှုရှိနေကြောင်း သိရသည်။ ထားဝယ်ခရိုင်တရားရုံးရှိ ကြာနေသည့် ရာဇဝတ်အမှုများအနက် တရားလိုပြ သက်သေများခြင်း၊ တရားခံက စိတ်ကျန်းမာရေးမကောင်းသည့်အတွက် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေရခြင်း စသည့် […]