ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ် ဈေးကျ
Dawei Watch
June 28, 2025ကော့သောင်း-ရန်ကုန်လေယာဉ်လက်မှတ်နှုန်းထားမှာ အခုလအတွင်း ကျပ်ငါးသောင်းနီးပါး ဈေးကျလာကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။ ဇွန်လအစပိုင်းက ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ခြောက်သိန်းဝန်းကျင်ရှိရာမှ ဇွန်လ တတိယအပတ်ခန့်မှစကာ ငါးသိန်းခွဲဝန်းကျင် ဈေးရှိနေကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်အချို့က ဆိုသည်။ ပြည်ထောင်စုလမ်းတစ်လျှောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် လေကြောင်းခရီးဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်ခနှုန်းထားများလည်း တက်သွားခဲ့သည်။ “လေယာဉ်(လက်မှတ်)ဈေးနူန်းတွေ အရမ်းတက်တော့ နယ်ဘက်က လိုက်စီးတဲ့သူတွေနည်းတယ်။ မိုးရာသီလည်း ဖြစ်တော့ ခရီးအသွားအလာလည်းနည်းတယ်။ဒါကြောင့် လေယာဉ်ရုံးတွေဘက်က ဈေးချပေးတယ်ထင်တယ်။ ကျွန်မတို့အေးဂျင့်တွေက သူတို့ဈေးချရင်လိုက်ချပေးရတယ်”ဟု လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။ သို့ရာတွင် ရန်ကုန်-ကော့သောင်းလေယာဉ်လက်မှတ်ခမှာ ဈေးမကျဘဲ တစ်ဦးလျှင် ကျပ် ရှစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေကြောင်း ၎င်းက ဆိုသည်။ ကော့သောင်း-ရန်ကုန် ခရီးစဉ်ကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းက တစ်ပတ်နှစ်ကြိမ်ပြေးဆွဲနေပြီး မင်္ဂလာလေကြောင်းလိုင်းက နေ့စဉ် ပြေးဆွဲနေကြောင်း […]


