ကော့သောင်းဇာတိ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ကော့သောင်းပကဖထံ ဘက်ပြောင်းခိုလှုံ
Dawei Watch
June 3, 2025စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်နှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ရှိ နန္မသွန် ရှေ့တန်းခြေကုတ်စခန်း စစ်ကောင်စီ အမှတ် ၃၄၂ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး မေလ ၂၇ ရက်တွင် ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “အလင်းဝင်လာသူတွေက ကော့သောင်းဒေသခံတွေပါ။ ကျွန်တော်တို့ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး ရောက်လာတယ်။ လက်နက်တွေကတော့ သူတို့လာတဲ့ လမ်းတစ်ခုက ရေချောင်းထဲပစ်ချထားခဲ့တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးမှာ ကိုဇင်မင်းသူနှင့် ကိုနေမျိုးထွန်းတို့ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ အတွက် အဓမ္မ တပ်သားသစ်စုဆောင်းခံရသူများဖြစ်ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ အဆိုပါ ဘက်ပြောင်းလာသူနှစ်ဦး […]


