မွေးကင်းစကလေး သေဆုံးမှု အမှုဖွင့်ထား
diz_admin
December 8, 2020မွေးကင်းစကလေး အလောင်းစွန့်ပစ်ခံရပြီး သေဆုံးမှုအပေါ် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ တံတားအနီး မြစ်ကမ်းနံဘေးတွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်တွင် စွန့်ပစ်ထားသည်ကိုတွေ့ရှိရပြီး ကလေးငယ်၏ နှာခေါင်းနှင့်ပါးစပ်တွင် သွေးစများတွေ့ရှိရသဖြင့် ဓမ္မတာအရသေဆုံးခြင်း မဖြစ်နိုင်ဟု ရွာသားများက ဝေဖန် ခဲ့ကြသည်။ “ရိုးရိုးသေတာဆို နှာခေါင်းတို့ ပါးစပ်တို့မှာ သွေးထွက်စရာ အကြောင်းမရှိဘူး” ဟု အသက် ၅၀ ခန့်ရှိ ကလေးအလောင်းကို မြင်တွေ့ခဲ့ရသူ ရွာသား တစ်ဦးက ပြောသည်။ စွန့်ပစ်ထားသည့်ကလေးအလောင်းကို တောင်ငယ်ကျေးရွာနေ ရပ်မိရပ်ဖအပါအဝင် ရွာသားသုံးဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမြင်မတော်သည့်အတွက် ၎င်းတို့မှ ရွာသချိုင်းတွင် သွားရောက်မြှုပ် နှံခဲ့ကြကြောင်း ကာယကံရှင်များထံမှ သိရသည်။ စွန့်ပစ်သည့်အမျိုးသမီးမှာ ကလေးလေးဦး၏မိခင် အသက် ၃၃ […]


