ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်းတွင် လူဆယ်ဦး အဖမ်းခံရ

diz_admin

March 24, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နှင့်‌ ရွှေပြည်သာရပ်ကွက်တို့တွင်နေထိုင်သူဆယ်ဦး မတ်လ ၂၃ ရက် နံနက်ပိုင်းက အဖမ်းခံရကြောင်း မြို့ခံအချို့ကပြောသည်။ အသင့်ပြုလုပ်ထားသည့် ဂက်စ်သေနတ်၊ မီးရှို့ပစ်ခတ်နိုင်သည့်ဓာတ်ဆီပုလင်း၊ လေးခွအစရှိသည့်ပစ္စည်းများပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းနေ မြို့ခံတစ်ဦးကဆိုသည်။ လက်ရှိတွင် ‌ကော့သောင်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့‌ည‌နေသုံးနာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံရသူများကို ဥပဒေကြောင်းအရ လိုက်ပါကူညီသူ မရှိသေးကြောင်း မြို့ခံတစ်ဦးကဆိုသည်။ ဖော်ပြပုံမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသောပုံဖြစ်သည်။

ကော့သောင်းတရားရုံးမီးလောင်မှု ဆိုင်ကယ်အစီးရေဆယ်ချီ ဆုံးရှုံး

diz_admin

March 8, 2021

ကော့သောင်းတရားရုံးတွင် မီးလောင်သဖြင့် အမှုကြောင့် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေဆယ်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည်ဟုသိရပြီး ဆိုင်ကယ်အစီးရေ ၇၀ ဝန်းကျင် မီးလောင်သွားကြောင်း ကော့သောင်းမြို့နေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။ “ဘာကြောင့်ဖြစ်(လောင်)တယ် ဆိုတာတော့ မသိသေးဘူးပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ကော့သောင်းတရားရုံးရှိ ဂိုဒေါင်တွင် လောင်ကျွမ်းသည့်မီးကြောင့် သိမ်း ဆည်းဆိုင်ကယ်များ အပါအဝင် တရားရုံး အဆောက်အအုံနေရာအချို့လည်း လောင်ကျွမ်းခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ “တရားစီရင်ခန်းမှာရှိတဲ့ ပစ္စည်းတွေလည်း လောင်သွားတယ် အောက်ထပ်ပေါ့။ အပေါ်ထပ် ကြမ်းခင်းလောင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အဆိုပါ […]

လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ် ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် အသိပေး

diz_admin

March 3, 2021

မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဍဝါအမျိုးသားဥယျာဉ်ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က အကြောင်း ကြားခဲ့သည်။ ဥယျာဉ်ဝန်ထမ်းများ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ လုံလောက်သော အကြောင်းပြ ချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်ပါက အရေးယူခံရမည့်အကြောင်းနှင့် ဆယ် ရက်အတွင်း ရုံးတက်ခြင်းမရှိသူအား အရေးယူမည့်အကြောင်း အကြောင်း ကြားစာကို ဝန်ထမ်းများအား ပေးပို့ခဲ့ ခြင်းဖြစ်သည်။ ထိုအကြောင်းကြားစာအား သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရုံးချုပ်မှ ပေးပို့လာသည့်အတွက် ဥယျာဉ်ဝန်ထမ်းများသိရှိစေရန် ထပ်ဆင့်အကြောင်းကြားခြင်းသာဖြစ်ကြောင်း အဆိုပါဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ဆိုသည်။ ၎င်းအနေဖြင့် ဝန်ထမ်းများအား အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ ဝန်ထမ်းတွေကို အသိပေးတာပါ၊ ဒီလိုတော့ ရှိတယ် ဆိုတာကို သူတို့လည်း သိအောင်ပေါ့” […]

ကော့သောင်း တပ်ထောက်ခံပွဲ သံပုံးတီးခံရ

diz_admin

March 3, 2021

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်သော တပ်မတော် ထောက်ခံပွဲကို လူအများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။ တပ်မတော် ထောက်ခံသူများမှ လေယာဉ်ကွင်းအနီးမှ စတင်ထွက်လာကြစဉ် သီရိမြိုင်ရပ်ကွက်နှင့် အေးမြကန်သာရပ်အရောက် ရပ်ကွက်တွင်း ပြည်သူများမှ သံပုံးတီး ခြောက်လှန့် ခဲ့ကြသည့်အတွက် အဆိုပါထောက်ခံသူများမှာ ခရိုင်ပြည်သူ့ဆေးရုံ အနီးသို့ ရောက်ရှိစဉ် လာလမ်းအတိုင်းပြန်လှည့် ခဲ့ရသည်။ တပ်မတော်ထောက်ခံသူများမှ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြသော်လည်း သံပုံးတီးသံများက ဖုံးလွှမ်းလျက်ရှိသည်။ ထားဝယ်မြို့တွင်လည်း တပ်ထောက်ခံပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး သံပုံးတီး ဆန္ဒပြသူများကြောင့် တပ်ခေါက် လှည့်ပြန်ခဲ့ရသည်။

ဒီမိုကရေစီ ရေး၊ ဖျက်၊ ပြန်ရေး

diz_admin

February 24, 2021

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့ရှိ ဘုရင့်နောင် အငူတွင် We Want Democracy စာတမ်းကို ဖေဖော်ဝါရီ ၁၆ ရက်က ရေးခြယ်ခဲ့သည်။ ယင်းနောက် ညတွင်းချင်း ပြန်ဖျက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ယင်းစာသားကို ပြန်လည်း ရေးခြယ်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်သည့် ဘုတ်ပြင်းမြို့နယ် NLD ပါတီဝင်သုံးဦး တရားစွဲခံရ

diz_admin

February 22, 2021

အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြရာတွင်ပါဝင်သည့် ဘုတ်ပြင်းမြို့နယ်မှ NLD ပါတီဝင်သုံးဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲလိုက်ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်သည့် ဦးနီရဲထံမှ သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည်ဟု ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး တရားရုံး၏ ဆင့်ခေါ်စာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရောက်ရှိလာကြောင်း ဦးနီရဲက ပြောသည်။ NLD ပါတီဝင်များဖြစ်သည့် ဦးနီရဲ၊ ဦးသော်ဇာအောင်နှင့် ဒေါ်ညွန့်ညွန့်ထွေး တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဆန္ဒပြတယ်ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ကြတာလေ။ အာဏာသိမ်းတာကို တော်လှန်တဲ့ သပိတ်တိုက်ပွဲမှာ ကျွန်တော်က ပူးပေါင်းခဲ့တယ် ဆိုတဲ့အနေအထားပဲရှိတာပါ” ဟု ဦးနီရဲက ပြောသည်။ ၎င်းတို့အနေဖြင့် […]

ကော့သောင်း NLD ဥက္ကဋ္ဌကို ငြိမ်းစုစီဖြင့် အမှုဖွင့်

diz_admin

February 8, 2021

အာဏာသိမ်းမှုကို ဆန္ဒပြသော ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နိုင်ကို ငြိမ်းစုစီ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင် ဦးသက်နိုင်က ပြောကြားသည်။ ဦးသက်နိုင် အပါအဝင် လူလေးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီက ကော့သောင်း မြို့တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးရန်၊ တတိယအကြိမ် လွှတ်တော် ခေါ်ယူပေးရန်နှင့် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဦးသက်နိုင်က ပြောဆိုသည်။ ၁၀ မိနစ်ခန့်အကြာတွင် လူများစုဝေးလာချိန် တွင် ရဲတပ်ဖွဲ့ဝင်များကို ဦးသက်နိုင် အပါအဝင် ဆန္ဒပြသူ ၆ ဦးကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းလိုက်ကြောင်း၊ ထိုနောက် ကိုယ်ရေးမှတ်တမ်းရယူကာ ငြိမ်းစုစီ […]

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံရ

diz_admin

February 4, 2021

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံနေရကြောင်း ထားဝယ်ဒေသခံ ရွှေ့ပြောင်းလုပ်သားအချို့ထံမှ သိရသည်။ အဆိုပါကျွန်းပေါ်ရှိ ထိုင်းပွဲစား ကုမ္ပဏီတစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့်ပါမစ် အစရှိသည့် အထောက်အထားများကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက သက်တမ်းတိုးပေးရန်အတွက် ပေးထားကြကြောင်း ဦးဆောင်ကူညီပေးနေသည့် ကိုရန်ကျော်က ဆိုသည်။ အဆိုပါ အထောက်အထားများအပြင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်စီ ပေးထားရကြောင်း ၎င်းက ပြောသည်။ ထိုသို့ ပေးပြီးနောက်ပိုင်းတွင် ယင်းပွဲစားကုမ္ပဏီနှင့် အဆက်အသွယ် မရတော့ဘဲ အထောက်အထားစာအုပ်များလည်း မရသေးကြောင်း ကိုရန်ကျော် က ဆိုသည်။ သို့သော် သက်တမ်းတိုးရန် အဆိုပါ အေဂျင်စီနှင့် အပ်ထားသည့် ရွှေ့ပြောင်း လုပ်သားအချို့မှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ဆေးရုံဘတ် (ဆေးကုသခွင့်) […]