ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသူလေးဦးနှင့် ငါးဖမ်းလှေသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
diz_admin
December 31, 2021ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲခံရသူ လေးဦးနှင့် လှေမြုပ်ရာမှ ကယ်ဆယ်ထားသည့် ငါးဖမ်းလှေလုပ်သားတစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရကြောင်း ၎င်းတို့အား ကူညီလုပ်ဆောင်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၆ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်း ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအနက် အမျိုးသား ၁၆၆ ဦးကို ကော့သောင်းမြို့ မိုးကုတ်ဝိပဿနာရှိ ကွာရန်တင်းစင်တာတွင် ထားရှိခဲ့ကြောင်း အထက်ပါအဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။ အဆိုပါ အမျိုးသားများအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နှာခေါင်းတို့ဖတ် ရယူစစ်ဆေးသည့် (RTD Test Kid) နည်းဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ လေးဦးတွင် ပိုးတွေ့ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ဒီဇင်ဘာလ ၂၉ […]


