BREAKING
May 14, 2025

ကော့သောင်း

တနင်္သာရီတိုင်းမှ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ

diz_admin

October 13, 2021

တနင်္သာရီတိုင်းအတွင်းမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၅ သန်းကျော် ကျသွားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၃၄၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၁၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ အထက်ပါ ပမဏမှာ တနင်္သာရီတိုင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်းလည်း ပါဝင်သည်။ ယင်းကဲ့သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့ကျသွားရခြင်းမှာ ပြီးခဲ့သည့် မေလမှစကာ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ အချိန်စောရပ်နားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကော့သောင်းဒေသတွင် ဝိုင်းကြီးချုပ်(ဝါတန်း) ငါးဖမ်းလှေနှင့် ကင်းမွန်လှေအများဆုံးဖြစ်ပြီး ယင်းလှေများက မေလတွင်အဓိက ငါးဖမ်းဆီးရမိမှုများကြောင်း ၎င်းက ရှင်းပြသည်။ “အဲဒီလမှာပိတ်လိုက်တော့ […]

ကိုဗစ် စတုတ္ထလှိုင်းအား လှမ်းကြည့်ခြင်း

diz_admin

October 6, 2021

လောင်းလုံးမြို့နယ်မှ ဒေါ်မြမြ တို့လင်မယားနှစ်ဦးစလုံး စက်တင်ဘာလကုန်ခန့်တွင် ကိုဗစ်ကူးစက်ခံလိုက်ရသည်။ ကနဦးတွင် ရောဂါမပြင်းထန်သဖြင့် အိမ်တွင်သာကုနေခဲ့ရာ မသက်သာသည့်အပြင် ပိုဆိုးလာသဖြင့် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တက်လိုက်ရသည်။ ဒေါ်မြမြ (အမည်လွှဲ) ဆေးရုံရောက်ချိန် လင်မယားနှစ်ဦးစလုံးအတွက် ဆေးကုသစရိတ် သိန်းငါးဆယ်လောက်ကုန်ကျနိုင်တယ်ကြောင်း သိရချိန်တွင် သူတို့မိသားစု မျက်လုံးပြူးရတော့သည်။ “အဲဒါတောင်မှ အချိန်နည်းနည်းယူ စဉ်းစားပြီး ဆေးကုမယ်ပြောတာ၊ အခန်းမရှိတော့ဘူးတဲ့။ လူဘယ်လောက်များလဲဆိုတာ အဲဒါသာကြည့်တော့ မိနစ်သုံးဆယ်ကို မကြာလိုက်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ လက်ရှိ တိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့မူနှုန်း လျော့ကျလာနေသည်ကိုတွေ့ရသည်။ သို့သော် ကျေးရွာများတွင်မူ ကိုဗစ်ပိုးတွေ့မူ တဖန်များပြားလာနေသည့်အနေအထား ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာကိုဗစ်လူနာစင်တာ တာဝန်ရှိသူအချို့က ပြောသည်။ အချို့ကိုဗစ်လူနာများမှာ နေအိမ်တွင်ပင်နေပြီး ကုသနေကြသလို အချို့ကလည်း ပုဂ္ဂလိကဆေးရုံများထံ သွားရောက်ကုသနေကြသည်။ ယင်းသို့ကုသရာတွင် ကုန်ကျစရိတ်များပြားသဖြင့် […]

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

ဆလုံ ကျွန်းများအထိ ကိုဗစ်ပျံ့နှံ့

diz_admin

October 5, 2021

မော်ကင်းဆလုံလူမျိုးများ နေထိုင်သည့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများအထိ ကိုဗစ်ပိုးပျံ့လာနေကြောင်းဒေသခံများ ထံမှသိရသည်။ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းဆလုံလူမျိုးများနေထိုင်သည့် ကျွန်းရွာ ၁၁ ရွာ ရှိသည့်အနက် ထက်ဝက်နီးပါး ကိုဗစ်ရောဂါပိုးပျံ့နှံ့ခဲ့ကြောင်း ဒေသခံများကပြောသည်။ ဆလုံကျေးရွာများဖြစ်သည့် ဒုံးပုလဲအော်၊ ပရောဝါး၊ ဂျာအုံး၊ မကြုံဂလက်၊ လငန်း စသည့်ကျေးရွာများသို့ ရောဂါပိုးပျံ့နှံ့ကူးစက်ခံခဲ့ရပြီး တခြားလက်လှန်းမမီသည့် ဆလုံကျေးရွာများတွင်လည်း ကူးစက်နိုင်ခြေရှိကြောင်း လငန်းကျေးရွာနေ ဒေသခံရွာသား တစ်ဉီးကပြောသည်။ “ပြီးခဲ့တဲ့လ(စက်တင်ဘာ)ကစပြီး အနံ့တွေပျောက်ကြတယ်။ စားလို့မဝင်ဘူး အဖျားတွေတက်ကြတယ်။ ကိုက်ခဲတယ်။ ဒီလက္ခဏာတွေ ဖြစ်ကြတယ်”ဟု လငန်းကျေးရွာနေ အသက် ၆၀ အရွယ် ရွာသားတစ်ဦး ကပြောသည်။ ငါးဖမ်းရာသီစတင်သည့် သြဂုတ်လမှစကာ ကမ်းဝေးငါးဖမ်းလှေကြီးလှေငယ်များ ငါးဖမ်းရင်း ဆလုံရွာများသို့ ဝင်ထွက် သွားလာခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ဝင်ထွက်မှုမှတစ်ဆင့် ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုဝေဖန်ကြသည်။ “လှေကြီးလှေငယ် […]

ထိုင်းနယ်စပ် ဖြတ်ခွင့်ရရန် ကော့သောင်းလူထု အလုအယက် ကိုဗစ်ကာကွယ်ဆေးထိုး

diz_admin

October 3, 2021

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသက္ကခန်းမတွင် အောက်တိုဘာလ ၃ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒေသခံအများအပြား အလုအယက် ကာကွယ်ဆေး ထိုးနှံရန် ရောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် အထောက်အထားပြနိုင်သူများကိုသာ ထိုင်းနိုင်ငံဘက်သို့သွားရောက်ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် တိုးဝှေ့ကာကွယ်ဆေး သွားရောက်ထိုးနှံနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “မနက်ငါးနာရီလောက်ကတည်းက လာတန်စီးပြီးစောင့်နေကြတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရန်အတွက် မြန်မာ၊ ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူတို့က ကြိုးစားနေပြီး ယင်းသို့နယ်စပ်ဂိတ်ပြန်ဖွင့်ပါက ကိုဗစ်ကာကွယ်ဆေးထိုးထားသူများကိုသာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဆိုသည့် သတင်းများကြားနေရကြောင်း ရွေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့က တာဝန်ခံ ဦးမိုးဝေက ပြောသည်။ “ကိုဗစ်ဆေးထိုးထားတဲ့ အထောက်အထားဆိုတာက ခရီးသွားဖို့လာဖို့မှာ မှတ်ပုံတင်လိုမျိုးဖြစ်လာတာကိုး” ဟု ဦးမိုးဝေကဆိုသည်။ ယခင်က ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ခေါ်ယူသော်လည်း […]

ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

diz_admin

October 1, 2021

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]

ကော့သောင်း မြို့လယ်တွင် ငွေလုယက်မှု ဖြစ်

diz_admin

September 6, 2021

ကော့သောင်းမြို့လယ် တစ်နေရာဖြစ်သည့် မြို့မဈေးအနီးတွင် ငွေလုယက်ခဲ့သူ အမျိုးသားကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။ ဘတ်ငွေ လဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မိုးကြည်သည် စက်တင်ဘာလ ၃ ရက်က ဆိုင်ကယ်တစ်စီးဖြင့် အလုပ်ကိစ္စသွားရန်ထွက်လာစဉ် မြို့မဈေးအနီးအရောက်တွင် ငွေလုယက်ခံခဲ့ရကြောင်း မြေးတော်စပ်သူတစ်ဦးက ပြောသည်။ ဆိုင်ကယ်ဖြင့်အနောက်မှ ကပ်လိုက်လာပြီး လုယက်ထွက်ပြေးသွားသည်ဟုဆိုသည်။ ယင်းလုယက်မှုကြောင့် ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်းကျော်၊ မြန်မာကျပ်ငွေ ၁၈၀ သိန်း ပါသွားကြောင်း မြေးဖြစ်သူက ပြောသည်။ စက်တင်ဘာလ ၆ ရက်တွင် ယင်းငွေလုယက်သွားသူ ထွန်းအောင် ခေါ် သားကြီးဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကပြောသည်။ လုယက်ခံရသည့် ပိုက်ဆံများအားလုံး ပြန်မရသေးဘဲ လက်ရှိတွင် မြန်မာငွေ သိန်းတစ်ရာကျပ်ခန့် ပြန်ရကြောင်း ဆိုသည်။ “(ထိုင်း) ဘတ်ငွေတွေတော့ ပြန်မရတော့ဘူး”. ဟု ၎င်းက […]

ကော့သောင်းတွင် ရွေ့လျားပုံစံဖြင့် ကိုဗစ်ရောဂါ စစ်

diz_admin

September 2, 2021

နယ်စပ်မြို့ဖြစ်သည့်အတွက်ကြောင့် အထူးအစီအစဉ် အနေဖြင့် ကော့သောင်းမြို့တွင် ရွေ့လျားစနစ်ဖြင့် စက်တင်ဘာလ ၁ ရက်မှစပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးပေးနေကြောင်း သိရသည်။ ကိုဗစ်ရောဂါအဖြစ်များသည့် ရပ်ကွက်များထံသို့ မော်တော်ယာဉ်ဖြင့်သွားရောက်ပြီး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ကပြောသည်။ တစ်ပတ်ခန့်အကြာ စစ်ဆေးပေးမည့် ယင်းအစီအစဉ်မှ လူပေါင်းသုံးထောင်ခန့်ကို စစ်ဆေးပေးရန် လျာထားကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ “တစ်နေ့ကို အများကြီးတော့ မစစ်နိုင်ဘူး။ ရာသီဥတုအနေအထားကလည်းရှိသေးတယ်။ ပြီးတော့ တစ်ဖက်မှာ ကိုဗစ်ကာကွယ်ဆေးကလဲ ထိုးနေရသေးတယ်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ရွေ့လျားပုံစံဖြင့် စစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်လူနာထားရှိသည့် စင်တာများသို့ ခေါ်ယူထားရှိကုသရမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၂ ရက်အထိစာရင်းအရ ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ထောင်ကျော်ရှိပြီး လက်ရှိ ဆေးကုသမှုခံယူနေသူ ၆၄ […]