ကော့သောင်းတွင် စစ်အာဏာရှင်တပ်ဖွဲ့ လှေဖြင့်လာစဉ် တိုက်ခိုက်၊ လှေနစ်မြုပ်၍ တပ်သားများ သေဆုံး
Dawei Watch
September 16, 2025ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သို့ လှေဖြင့်လာသည့် စစ်အာဏာရှင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင် တပ်သားများ စီးလာသည့် လှေတစ်စင်းနစ်မြုပ်သွားကာ သေဆုံးမှုရှိကြောင်း ကော့သောင်းခရိုင်ပကဖ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား တစ်ရာခန့်သည့် စက်တင်ဘာလ ၉ရက် နံနက်တွင် ခမောက်ကြီးမြို့၊ ခမောက်ငယ် ကျေးရွာအပိုင်ရှိ ယုဇန ဆီအုန်းပျိုးခင်းသို့ ရောက်ရှိလာကြောင်း ကော့သောင်းခရိုင်ပကဖ၏ ယနေ့ စက်တင်ဘာလ ၁၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သား အင်အား ၃၀ ဝန်းကျင်က ခမောက်ငယ်ရွာသို့ လှေနှစ်စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း ဖော်ပြသည်။ ယင်းသို့ စစ်ကြောင်းထိုးလာစဉ် ခမောက်ငယ်ကျေးရွာအနီးတွင် ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြရာ လှေတစ်စီးနစ်မြုပ်သွားကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တစ်နာရီခန့်ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း […]


