ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်ခံရ
diz_admin
January 26, 2023ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးယုလွင်နှင့် ဇနီးဖြစ်သူတို့ မနေ(ဇန်နဝါရီ ၂၅)ည ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရသည်ဟု ဒေသခံများကပြောသည်။ အဆိုပါဇနီးမောင်နှံနှစ်ဦး အပြင်မှပြန်လာစဥ် နေအိမ်အနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး စစ်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု ၎င်းတို့ကပြောသည်။ “မိန်းမမှာက ခြေသလုံးဖောက်ထွက်သွားတယ်။ ယောက်ျားမှာက လက်မောင်းမှာထိတယ်။ သေတော့မသေပါဘူး။ ခုလောလောဆယ်တော့ ဆေးရုံတင်ထားရတယ်”ဟု အေးရိပ်ငြိမ်ရပ်ကွက်နေ အမျိုးသား ကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ရှိနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောသည်။ အုပ်ချုပ်ရေးမှူးဦးယုလွင်သည် ၂၀၂၂ ခုနှစ်ဇွန်လအတွင်းကလည်း သေနတ်ဖြင့်ပစ်ခံရဖူးပြီး ဒဏ်ရာရရှိဖူးကာ ယခုဒုတိယအကြိမ်မြောက် ထပ်မံအပစ်ခတ်ခံရခြင်းဖြစ်သည်။ “ခုဆိုနှစ်ခါရှိပြီပေါ့။ အပစ်ခံရတာ”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ ၂၀၂၂ နိုဝင်ဘာလကလည်း ကော့သောင်းမြို့ယာဥ်ထိန်းရဲတစ်ဦး သေနတ်ပစ်ခံရပြီး […]


