မလေးရှားပို့မည့် ကျပ်ဘီလီယံတစ်ရာကျော်တန်ဖိုးရှိမူးယစ်ဆေး ကော့သောင်းတွင် ဖမ်းမိ
Dawei Watch
November 2, 2023မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတို့အား အောက်တိုဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်က ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ အာဘော် MRTV သတင်းဌာနက ထုတ်ပြန်သည်။ သတင်းအရ ပင်လယ်ပြင်အတွင်း ပိတ်ဆို့ရှာဖွေရာမှ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသည့် စက်လှေ တစ်စီးပေါ်က လှေသား ၇ ဦးတို့နဲ့အတူ GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်းဖိုးအားဖြင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းမိသူတို့၏ ထွက်ဆိုချက်အရ ညီညီဆိုသူမှ မလေးရှားရှိ မူးယစ်ဂိုဏ်းတို့နှင့် […]


