ကော့သောင်းတွင် ငါးဖမ်းလှေနစ်မြုပ်ပြီး တစ်ဦးသေဆုံး
Dawei Watch
February 16, 2024ကော့သောင်းမြို့ ပင်လယ်ပြင်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကင်းမွန်မီးထွန်းလှေ ရေဝင်နစ်မြုပ်ပြီး လှေလုပ်သားတစ်ဦး သေဆုံးကြောင်း ငါးဖမ်းလှေလုပ်သားသိုင်းဝိုင်းထံမှ သိရသည်။ ကော့သောင်းမြို့ ပင်လယ်ပြင်တွင် ကောင်းကောင်းအမည်ရှိ ကင်းမွန်မီးထွန်းလှေ ရေဝင်နစ်မြုပ်ခြင်း ဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။ “ရေပေါက်ပိတ်ဖို့ မေ့နေလို့ မြုပ်တယ်လို့ကြားတယ်။ လောလောဆယ်တော့ တစ်ဦးသေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ အထက်ပါနစ်မြုပ်သည့် ငါးဖမ်းလှေတွင် ရေလုပ်သားရှစ်ဦးပါရှိပြီး ခုနစ်ဦးမှာ စစ်ကောင်စီရေတပ်နှင့် အခြား ငါးဖမ်းလှေ တစ်စီးတို့က ကယ်ဆယ်ထားခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။ ကျန်လှေလုပ်သားတစ်ဦး၏ အခြေအနေကိုမူ ဖော်ပြထားခြင်းမရှိပေ။ လှေမြုပ်ပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ငါးဖမ်းလှေနစ်မြုပ်စဉ် သေဆုံးသည်ဆိုသည့် အလောင်း တစ်လောင်းကို ကမ်းနားတွင် […]


