ခမောက်ကြီး မာရမ်းတပ်စွယ်က သတင်းရဲတပ်ဖွဲ့တပ်ကြပ်နှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
February 2, 2024ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးရွာနှင့် မာရမ်းရွာအကြား ကားလမ်းမတွင် ဖေဖော်ဝါရီလ ၁ရက် နံနက် ၁၁နာရီ ဝန်းကျင်က အိမ်စီကားတစ်စီး ပစ်ခတ်ခံရပြီး သတင်းတပ်ဖွဲ့က တပ်ကြပ်နှင့် ၎င်း၏ဖခင်ဖြစ်သူတို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူသည် သတင်းရဲတပ်ဖွဲ့၊ မာရမ်းတပ်စွယ်မှ တပ်စွယ်မှူး တပ်ကြပ်နေစိုးဦးနှင့် ဖခင်ဖြစ်သူ ဦးစိုးတင့်တို့ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဆိပ်ဖူးရွာဘက်မှ မာရမ်းရွာဘက်သို့ အိမ်စီးကားဖြင့် လာရောက်စဥ် လမ်းပိုင်းတွင်ပစ်ခတ်ခံရပြီး ၎င်းတို့နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကားမှာ လမ်းဘေးထိုးကျနေသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။ တပ်ကြပ်နှင့် ၎င်း၏ ဖခင်ဖြစ်သူတို့မှာ ကားအနီးဝန်းကျင်တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။ ကားတွင်လည်း ကျည်ထိမှန်ထားသည့်နေရာ များစွာရှိနေသည်ကို ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။ […]


