ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာပြီ
Dawei Watch
June 28, 2024ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး ဇွန်လ ၂၇ရက်နေ့အထိ ပြန်မရသေးကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် အခြားအော်ပရေတာများ၏ ဆင်းကတ်ကို ပြောင်းလဲအသုံးပြုနေရကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “MPT ကတ်ရော၊ Wi-Fi ပါ အင်တာနက်လိုင်းရော ဖုန်းဆက်ဖို့ပါ လိုင်းမရှိဘူး။ ပြီးတော့ K- pay လို ငွေသွင်းငွေလွှဲ အကောင့်တွေ Log Out (ထွက်သွား) ဖြစ်ပြီး ပြန်ဝင်မရတာမျိုးလည်းရှိတော့ ခက်ခဲရတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။ ထိုသို့ဖုန်း ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအပြင် လူမှုကူညီရေးအသင်းများလည်း အခက်ကြုံနေရပြီး အခြားအော်ပရေတာ၏ ဖုန်းဆင်းကတ်များ ပြောင်းလဲအသုံးပြုနေရကြောင်း ၎င်းတို့က ဆိုသည်။ […]


