တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
December 22, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၇ ဦး သေဆုံး တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက တောတောင်ထူထပ်တဲ့အရပ်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့် ငလျင်လှုပ်သွားတဲ့အတွက် သေဆုံးသူ အနည်းဆုံး ၁၃၇ ဦး ရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ငလျင်ကြောင့် အိုးအိမ်တွေ၊ လမ်းတံတားတွေ ပြိုကျပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတွေလည်းပြတ်သွားခဲ့တာပါ။ Gansu ပြည်နယ်မှာ သေဆုံးသူက ၁၁၅ ဦးရှိသလို ဘေးကပ်လျက် Qinghai ပြည်နယ်မှာတော့ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ […]