ဆားဘီးယားလွှတ်တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်
Dawei Watch
March 5, 2025အင်္ဂါနေ့က ဆားဘီးယားနိုင်ငံ လွှတ်တော်အတွင်း အတိုက်အခံအမတ်များက မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးများ ပစ်ပေါက်ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ လနှင့်ချီ ဖြစ်ပွားလျက်ရှိသော ဆားဘီးယားအစိုးရကို ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြပွဲများနှင့်အတူ ရပ်တည်ကြောင်းကိုပါ အတိုက်အခံအမတ်များက လွှတ်တော်အတွင်း ဆန္ဒပြခဲ့ကြသည်။ အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာကို အာဏာရညွန့်ပေါင်းအဖွဲ့က အတည်ပြုလိုက်ချိန်တွင် အတိုက်အခံအမတ်အချို့က ထိုင်ခုံမှ ထလာပြီး လွှတ်တော်ဥက္ကဋ္ဌဆီ ပြေးသွားခဲ့သည်။ ၎င်းတို့ကို လုံခြုံရေးအစောင့်များက ဟန့်တားခဲ့ပြီး ရုန်းရင်းဆန်ခတ် လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားခဲ့သည်။ အခြားအတိုက်အခံအမတ်အချို့ကလည်း မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြပြီး လွှတ်တော်အစည်းအဝေးခန်းမအတွင်း အနက်ရောင် ၊ ပန်းရောင်မီးခိုးများ ပြည့်နှက်သွားခဲ့သည်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက်တွေ့မြင်ခဲ့ရသည်။ အတိုက်အခံအမတ်များက“အထွေထွေသပိတ်မှောက်ရေး” ၊ “အသတ်ခံရသူများအတွက် တရားမျှတမှုရရှိရေး” ဟု အဓိပ္ပါယ်ရသည့် ပိုစတာများကို ကိုင်ဆောင်ကာ […]


