တရုတ်နိုင်ငံရှိ လူဦးရေ ၂၁ သန်းနေထိုင်သော ချန်ဒူးမြို့ကို အသွားအလာကန့်သတ်
diz_admin
September 2, 2022တရုတ်အစိုးရက အငြင်းပွါးဖွယ် ဇီးရိုးကိုဗစ်မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိရာ လူဦးရေ (၂၁)သန်းရှိသော ချန်ဒူးမြို့သည် အသွားအလာကန့်သတ်ခြင်း (lockdown ချ)ခံရသည့် အကြီးဆုံး တရုတ်မြို့ကြီး ဖြစ်လာမည်။ မြို့နေပြည်သူ ၂၁သန်းသည် အိမ်များအတွင်းသာ နေရမည်ဖြစ်ပြီး စျေးဝယ်ရန်အတွက် တစ်အိမ်ထောင်လျှင် တစ်ဦးသာ အပြင်ထွက်ခွင့် ပြုမည်ဖြစ်သည်။ ပြီးခဲ့သည့် ကြာသာပတေးနေ့က ချန်ဒူးမြို့တွင် ရောဂါကူးစက်ခံထားရသူ (၁၅၇)ဦးတွေ့ရှိခဲ့သည်။ တရုတ်၏ ကိုဗစ်ထိန်းချုပ်ရေး မူဝါဒအရ ရောဂါရှိသူ မည်မျှပင် တွေ့ရစေကာမူ အဆိုပါ မြို့ကို အသွားအလာ ကန့်သတ်မှု lockdown ပြုလုပ်ရမည် ဖြစ်သည်။ အဆိုပါ ဇီးရိုးကိုဗစ် မူဝါဒကြောင့် တရုတ်စီးပွါးရေး တန့်သွားခဲ့သည်ဟု ဝေဖန်သူများ ရှိနေပြီး၊ တရုတ်နိုင်ငံတွင် မြင်ရခဲသော လမ်းမပေါ် ဆန့်ကျင်မှုများပင် ဖြစ်လာခဲ့သည်။ လာမည့်ရက်များအတွင်း ချန်ဒူး ဒေသခံပြည်သူများကို ကိုဗစ်စစ်ဆေးပေးမည်ဖြစ်ကာ […]