အဏုမြူလက်နက် ကန့်သတ်စာချုပ် New START ကိုသက်တမ်းတိုးရန် ပူတင်၏ ကမ်းလှမ်းမှု ထရမ့် ပယ်ချ
Dawei Watch
February 6, 2026အမေရိကန်နှင့် ရုရှားအကြား မဟာဗျူဟာမြောက်အဏုမြူလက်နက်များ ဖြန့်ကျက်ချထားမှုအပေါ် ကန့်သတ်သည့် New START စာချုပ်ကို သက်တမ်းတိုးရန် ရုရှားသမ္မတဗလာဒီမာပူတင်၏ ကမ်းလှမ်းမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၅ ရက်နေ့က ပယ်ချလိုက်သည်။ ၂၀၁၀ ခုနှစ် သဘောတူညီချက်ပါအတိုင်း ဒုံးကျည်များ၊ လေယာဉ်များနှင့် ရေငုပ်သင်္ဘောများအပါအဝင် ပစ်လွှတ်မှုစနစ် ၇၀၀ ပေါ်တွင် အဏုမြူထိပ်ဖူး ၁,၅၅၀ ခုထက် မပိုစေရန် ကန့်သတ်ချက်ကို နောက်ထပ်တစ်နှစ်ကြာ ဆက်လက်လိုက်နာရန် ပူတင်က အဆိုပြုကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ထရမ့်က ယင်းသို့ ပယ်ချလိုက်သည်။ “New START စာချုပ်ကို သက်တမ်းတိုးမယ့်အစား အနာဂတ်ကာလရှည်အထိ တည်တံ့စေမယ့် စာချုပ်သစ်တစ်ရပ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ အဏုမြူကျွမ်းကျင်သူတွေကို မွမ်းမံပြုပြင်ရေးဆွဲ စေသင့်တယ်” ဟု ထရမ့်က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် […]


