ဆိုရှယ်မီဒီယာပိတ်ပင်သည့် ဩစတြေးလျအစိုးရကို Reddit တရားစွဲ
Dawei Watch
December 12, 2025အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ဆိုရှယ်မီဒီယာပိတ်ပင်ထားသည့် ဩစတြေးလျအစိုးရကို Reddit ဆိုရှယ်မီဒီယာကုမ္ပဏီက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ဩစတြေးလျအစိုးရက ပိတ်ပင်ထားသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများစာရင်းတွင် ၎င်းတို့အား ပယ်ဖျက်ပေးရန် Reddit ကုမ္ပဏီဘက် တောင်းဆိုကာ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဩစတြေးလျအစိုးရ၏ ပိတ်ပင်မှုမှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ Reddit ကုမ္ပဏီဘက်မှ ရှေ့နေများ၏ တရားရုံးတင်စာရွက်စာတမ်းတွင် ဩစတြေးလျအစိုးရ၏ အဆိုပါ ပိတ်ပင်မှုသည် နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုမှုကို ပိတ်ပင်ချိုးဖောက်သောကြောင့် တရားမဝင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ တရားစွဲဆိုမှုတွင် ဩစတြေးလျဓနသဟာယအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ကြီး Anika Wells […]


