ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

Dawei Watch

February 9, 2026

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အား ဟောင်ကောင်တရားရုံးက ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။ နိုင်ငံခြားအင်အားစုများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်နှစ်ခု၊ အစိုးရကို ဆန့်ကျင်ရန် လှုံ့ဆော်သည့် အရေးအသားများ ထုတ်ဝေမှု စွဲချက်တစ်ခု အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ယင်းသို့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ လက်ရှိ ပိတ်သိမ်းထားပြီးဖြစ်သော Apple Daily သတင်းစာကို တည်ထောင်သူ ဂျင်မီလိုင်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ပထမဆုံး ဖမ်းဆီးခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။ ဂျင်မီလိုင်သည် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုများ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်သူ၊ အဓိက တွန်းအားပေးသူ ဖြစ်ခြင်းကြောင့် ပြစ်ဒဏ်ကို ပိုမိုတိုးမြှင့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။ […]

Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို တော်ဝင်ဥပဒေပြင်ဆင်ရန်ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်

Dawei Watch

February 9, 2026

Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း အကျင့်ဖျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြေညာသည်။ Move Forward ပါတီဝင်ဟောင်း ၄၄ ဦးတွင် လက်ရှိ ရွေးကောက်ပွဲဝင်နေသော ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ္တဖွန် ရွမ်ပန်ရာဝတ်လည်းပါဝင်သလို ပါတီအကြီးပိုင်းက ၂၅ ဦးအထိ ပါဝင်နေသည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး မဲဆွယ်စည်းရုံးဟောပြောမှုဖြင့် Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို အကျင့်ဖျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးတွင် […]

မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု မဲဆွယ်ထားသော ထိုင်းဖတ်ဒီးပါတီက အမတ်တစ်နေရာသာရရှိ

Dawei Watch

February 9, 2026

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု မဲဆွယ်ဆော်ဩထားသော ထိုင်းဖတ်ဒီးပါတီက ပါတီကိုယ်စားပြုအမတ်နေရာ တစ်နေရာသာရရှိကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် မဲအရေအတွက်အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ရေတွက်ထားပြီးဖြစ်သည်။ သို့သော်လည်း ထိုင်းဖတ်ဒီးပါတီက ခရိုင်ကိုယ်စားပြုအမတ် ၄၀၀ နေရာတွင် ခရိုင်အသီးသီး၌ မဲရလဒ် ၄ ရာခိုင်နှုန်းထက်ပိုပြီး အနိုင်ရရှိထားခြင်းမရှိပေ။ ပါတီကိုယ်စားပြုလွှတ်တော်အမတ် (Party-list) နေရာအတွက် မဲပေးသူဦးရေ ၂ သိန်းကျော်နှင့်အတူ အချိုးကျစနစ်ဖြင့် အမတ်နေရာ တစ်နေရာသာ ရရှိထားခြင်းဖြစ်သည်။ ထိုင်းဖတ်ဒီးပါတီ (Thai Pakdee) သည် ရွေးကောက်ပွဲတွင်သာ အနိုင်ရရှိပါက မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော NGO […]

ဂျပန်ရွေးကောက်ပွဲ လက်ယာယိမ်း အာဏာရပါတီ စံချိန်တင် အနိုင်ရ

Dawei Watch

February 9, 2026

လက်ယာယိမ်းဂျပန်ဝန်ကြီးချုပ် ဆာနအဲတာကအိချိ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က လွှတ်တော်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် စံချိန်တင် အနိုင်ရခဲ့သည်။ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၆ နေရာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ရန် လိုအပ်သည့် အောက်လွှတ်တော်အမတ်နေရာ ၂၆၁ နေရာကို သိသိသာသာ ကျော်လွန်၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခု ရွေးကောက်ပွဲအနိုင်ရလဒ်သည် ၁၉၅၅ ခုနှစ် ပါတီစတင်တည်ထောင်ချိန်မှစ၍ စံချိန်တင်အမြင့်ဆုံး အနိုင်ရလဒ် ဖြစ်သည်။ ကွယ်လွန်သူ ဝန်ကြီးချုပ် ယာဆူဟီရိုနာကာဆိုနီ လက်ထက် ၁၉၈၆ ခုနှစ်က အမတ်နေရာ ၃၀၀ အနိုင်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ LDP ပါတီ၏ မဟာမိတ်အသစ်ဖြစ်သည့် ဂျပန်ဆန်းသစ်တီထွင်မှုပါတီ (Japan Innovation Party) […]

ထိုင်းရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ်ပါတီ အနိုင်ရ၊ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ထိုင်းပြည်သူများ ထောက်ခံ

Dawei Watch

February 9, 2026

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ပါတီဖြစ်သော Bhumjaithai ပါတီက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီတွင် မဲအရေအတွက်အားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၄ နေရာဖြင့် ပထမနေရာမှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူက လက်ရှိဝန်ကြီးချုပ်ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကို အခြေခံ၍ အချုပ်အခြာအာဏာကို တည်မြဲစေရန် မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အသင့်ရှိနေပြီဖြစ်ပြီး ပြည်သူအားလုံး စည်းလုံးချိန်တန်ပြီဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည်။ Move Forward ပါတီက […]

ပါကစ္စတန်မြို့တော်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး လူ ၃၀ ကျော် သေဆုံး

Dawei Watch

February 7, 2026

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်းဒါဇင်နှင့်ချီ သေဆုံးပြီး ၁၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ထုတ်ပြန်ထားရာ အသေခံဗုံးခွဲသူဟု ယူဆရသူ၏ အမည်နှင့် ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါဓာတ်ပုံမှာ အစစ်အမှန်ဟုတ်မဟုတ် အတည်မပြုနိုင်သေးကြောင်း CNN သတင်းဌာနက ဆိုသည်။ အစ္စလာမ္မာဘတ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ စနေနေ့မွန်းလွဲပိုင်းအထိ သေဆုံးသူအရေအတွက်မှာ ၃၂ ဦးရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အသေခံဗုံးခွဲသမားသည် ဗလီအတွင်းသို့ ၎င်း မဝင်ရောက်နိုင်ရန် တားဆီးခဲ့သည့် လုံခြုံရေးဝန်ထမ်းများကို သေနတ်ဖြင့် […]

ထိုင်းရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်၊ People’s Party ခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစား

Dawei Watch

February 7, 2026

ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ လူဦးရေ ၇၁ သန်းကျော်အနက် မဲပေးခွင့်ရှိသူဦးရေ ၅၃ သန်းကျော်ရှိနေပြီး လွှတ်တော်အမတ် ၅၀၀ ကို မဲပေးရွေးချယ်သွားမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့် လူထုဆန္ဒခံယူပွဲကိုပါ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒမဲပေးရာတွင် ရွေးချယ်ရန် သုံးမျိုးပါဝင်ပြီး ‘သဘောတူ’ ၊ ‘မတူ’ ၊ ‘မှတ်ချက်မပြုလို’ စသည့်ထဲက တစ်ခုကို ရွေးချယ် မဲပေးရမည်ဖြစ်သည်။ မဲရုံများကို နံနက် ၈ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ ၅ နာရီတွင် ပိတ်သိမ်းကာ မဲစတင်ရေတွက်မည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ် […]

အဏုမြူလက်နက် ကန့်သတ်စာချုပ် New START ကိုသက်တမ်းတိုးရန် ပူတင်၏ ကမ်းလှမ်းမှု ထရမ့် ပယ်ချ

Dawei Watch

February 6, 2026

အမေရိကန်နှင့် ရုရှားအကြား မဟာဗျူဟာမြောက်အဏုမြူလက်နက်များ ဖြန့်ကျက်ချထားမှုအပေါ် ကန့်သတ်သည့် New START စာချုပ်ကို သက်တမ်းတိုးရန် ရုရှားသမ္မတဗလာဒီမာပူတင်၏ ကမ်းလှမ်းမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၅ ရက်နေ့က ပယ်ချလိုက်သည်။ ၂၀၁၀ ခုနှစ် သဘောတူညီချက်ပါအတိုင်း ဒုံးကျည်များ၊ လေယာဉ်များနှင့် ရေငုပ်သင်္ဘောများအပါအဝင် ပစ်လွှတ်မှုစနစ် ၇၀၀ ပေါ်တွင် အဏုမြူထိပ်ဖူး ၁,၅၅၀ ခုထက် မပိုစေရန် ကန့်သတ်ချက်ကို နောက်ထပ်တစ်နှစ်ကြာ ဆက်လက်လိုက်နာရန် ပူတင်က အဆိုပြုကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ထရမ့်က ယင်းသို့ ပယ်ချလိုက်သည်။ “New START စာချုပ်ကို သက်တမ်းတိုးမယ့်အစား အနာဂတ်ကာလရှည်အထိ တည်တံ့စေမယ့် စာချုပ်သစ်တစ်ရပ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ အဏုမြူကျွမ်းကျင်သူတွေကို မွမ်းမံပြုပြင်ရေးဆွဲ စေသင့်တယ်” ဟု ထရမ့်က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် […]