တောင်ကိုရီးယားနှင့် ဆီးရီးယား သံတမန်ဆက်ဆံရေး ထူထောင်
Dawei Watch
April 11, 2025တောင်ကိုရီးယားနှင့် ဆီးရီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တရားဝင် ထူထောင်လိုက်ပြီဖြစ်သည်။ ယင်းမှာ ယာယီသမ္မတအာမက်အယ်လ်ရှာရာ ဦးဆောင်သည့် ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရအတွက် နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်သည်ဟု Al Jazeera တသင်းဌာန ဖော်ပြသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆွေးနွေးခဲ့ကြပြီးနောက် ယမန်နေ့ ကြာသပတေးနေ့၌ ဆီးရီးယားမြို့တော် ဒမတ်စကက်စ်တွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်းဘာရှာအာဆတ် လက်ထက်တွင် ဆီးရီးယားသည် မြောက်ကိုရီးယား၏ မိတ်ဆွေနိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတောင်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ပြီဖြစ်သည်။ ယင်းမှာ တောင်ကိုရီးယား၏ အဓိကရန်သူဖြစ်သည့် မြောက်ကိုရီးယားအစိုးရအတွက် ထိုးနှက်မှုတစ်ခု ဖြစ်သည်ဟုလည်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။ ၁၃ နှစ်ကြာ ပြည်တွင်းစစ်မှ ဆီးရီးယားနိုင်ငံ နာလန်ထူနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် […]


