VOA နှင့် RFA ပြန်လည်ပတ်ခွင့်ပြုရန် ကန် တရားသူကြီး အမိန့်ချ
Dawei Watch
April 23, 2025ထရမ့်အစိုးရက ပိတ်ပင်တားဆီးခဲ့သည့် VOA ၊ RFA ၊ MBN ၊ OTF သတင်းဌာနတို့ကို ပုံမှန်ပြန်လည် လည်ပတ်ခွင့် ပြုရန် အမေရိကန်ပြည်ထောင်စုတရားသူကြီး ရွိုက်စ်လမ်းဘတ်က ယမန်နေ့ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်။ ယင်းအမိန့်မှာ အမေရိကန်သမ္မတ၏ သမ္မတအထူးအမိန့်အာဏာနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြား လွန်ဆွဲပွဲမှ ထွက်ပေါ်လာသည့် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်သည်။ သမ္မတထရမ့်၏ အထူးအမိန့်အဏာအရ US Agency for Global Media (USAGM) လုပ် သတင်းလုပ်ငန်းများဖြစ်သည့် VOA, RFA၊ MBN တို့ကို သမ္မတထရမ့်၏ အထူးအမိန့်အဏာအရ ယခုနှစ် မတ်လတွင် ပိတ်ပင်တားဆီးခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF အပါအဝင် VOA နှင့် RFA […]


