ထိုင်းတွင် ဘဏ်အကောင့်အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို စစ်ဆေးမည်
Dawei Watch
May 1, 2025ထိုင်းနိုင်ငံထဲတွင် Mobile Banking သုံးစွဲသူ၏ အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ပြန်လည်စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မိုဘိုင်းဖုန်းသုံးစွဲသူ၏ အမည်၊အချက်အလက်နှင့် မကိုက်ညီသော ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းမပြုလုပ်မီ နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ထိုင်းအစိုးရဘက်က စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဒစ်ဂျင်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Prasert Jantararuangtong က ပြောသည်။ တိုက်ဆိုင်စစ်ဆေးမည့် ဖုန်းနံပါတ်များသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မှတ်ပုံတင်ထားသော ဖုန်းဆင်းကတ်များ အကျုံးဝင်မည်ဖြစ်သည်။ ယင်းဖုန်းနံပါတ်ပေါင်း ၇ သိန်းကျော်နှင့်အတူ မှတ်ပုံမတင်ထားသော ဖုန်းနံပါတ် ၁ ဒသမ ၈ သန်းကျော်ကိုလည်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ထိုင်းနိုင်ငံထဲ Mobile Banking […]


