ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

တိရစ္ဆာန်အသံကို လူသားအတွက် ဘာသာပြန်မည့် AI စနစ်ကို Baidu မူပိုင်ခွင့်တင်

Dawei Watch

May 18, 2025

တရုတ်နည်းပညာကုမ္ပဏီကြီး Baidu က တိရစ္ဆာန်များ၏ အသံနှင့် ကိုယ်ဟန်အမူအရာများကို လူသားဘာသာစကားအဖြစ် ဘာသာပြန်ပေးမည့် AI စနစ်အတွက် တရုတ်အစိုးရထံ မူပိုင်ခွင့်လျှောက်ထားလိုက်ပြီ ဖြစ်သည်။ အဆိုပါ AI စနစ်သည် ခွေးဟောင်သံ၊ ကြောင်ညည်းသံနှင့် အခြားအပြုအမူလက္ခဏာများအပေါ် အချက်အလက်များကို စိစစ်ကာ လူသားများ နားလည်နိုင်ရန် အဓိပ္ပါယ်ဖော်ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြကာ မူပိုင်ခွင့် လျှောက်ထားလိုက်ခြင်း ဖြစ်သည်။ ယင်းနည်းပညာသည် လူသားနှင့် တိရစ္ဆာန်အကြား ဆက်သွယ်မှုကို ဘာသာစကားအရသာမက စိတ်ခံစားမှုဖော်ပြချက်များအရပါ မြှင့်တင်နိုင်မည်ဟု ကုမ္ပဏီဘက်က ဆိုသည်။ အဆိုပါ နည်းပညာသည် လက်ရှိအချိန်တွင် သုတေသနအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။ ယင်းနည်းပညာကို မိတ်ဆက်ချပြမည့်အချိန်နှင့် လက်တွေ့အကောင်အထည်ဖော်မည့်အချိန်ကို ကုမ္ပဏီဘက်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။ Baidu ကုမ္ပဏီ၏ ခြေလှမ်းကြောင့် အွန်လိုင်းပေါ်မှ တရုတ်နိုင်ငံသား အိမ်မွေးတိရစ္ဆာန် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 16, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၀ ရက်မှ ၁၆ ရက်အထိ ဂျပန်မှာ လေ့ကျင့်ရေး စစ်လေယာဉ်ပျက်ကျ ဂျပန်နိုင်ငံအလယ်ပိုင်း အိုက်ချီစီရင်စုမှာရှိတဲ့ ရေကန်ထဲကို လေ့ကျင့်ရေး စစ်လေယာဉ်တစင်း မေလ ၁၄ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေတပ်မှ T4 လေ့ကျင့်ရေးလေယာဉ် ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်ပေါ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါသွားတာပါ။ တပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ လေယာဉ်ကို အခြားလေ့ကျင့်ရေးလေယာဉ် ၂၀၀ လောက်နဲ့ မေလ ၁၆ ရက်နေ့အထိ ရှာဖွေနေဆဲလို့ ဆိုပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အခြေအနေကို မသိရသေးပါဘူး။ လေယာဉ်ပျက်ကျတဲ့ အနီးတဝိုက်က အခြေအနေနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ […]

အစ္စရေး၏ ပိတ်ဆို့မှုကြောင့် ဂါဇာတွင် စားနပ်ရိက္ခာခက်ခဲ၊ အစုလိုက်အပြုံလိုက် အငတ်ဘေးဖြစ်လာနိုင်

Dawei Watch

May 16, 2025

ဂါဇာသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ မဝင်ရောက်နိုင်ရန် အစ္စရေးဘက်က သုံးလနီးပါးကြာ ပိတ်ဆို့လာခဲ့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေး ဖြစ်ပွားရန် အလွန်နီးကပ်လာနေကြောင်း Integrated Food Security Phase Classification (IPC) အဖွဲ့က သတိပေးလိုက်သည်။ အစ္စရေး၏ လနှင့်ချီ ပိတ်ဆို့ထားမှုကြောင့် ဂါဇာတွင် လူငါးဦးလျှင် တစ်ဦးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ အငတ်ဘေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် IPC အဖွဲ့က ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေးသင့်မည့် အန္တရာယ်မှာ မြင့်မားသည့် အခြေအနေ ရောက်နေကြောင်း ၊ အငတ်ဘေးအကျပ်အတည်း၏ အဆိုးရွားဆုံးအဆင့်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း IPCအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ အစီရင်ခံစာတွင် သတိပေးလိုက်သည်။ စက်တင်ဘာလမကုန်မီ ဂါဇာ၌ အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ဖြစ်ပေါ်နိုင်ချေ အလွန်မြင့်မားနေကြောင်း IPC အဖွဲ့က ဆိုသည်။ […]

ဘန်ကောက်အဆောက်အအုံပြိုကျမှု အီတာလျံ-ထိုင်း ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်

Dawei Watch

May 16, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် စာရင်းစစ်ချုပ်ရုံး ပြိုကျမှုနှင့်ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta အပါအဝင် အဆောက်အအုံ ဆောက်လုပ်ရေးတွင် တာဝန်ယူခဲ့သော အခြားပညာရှင် ၁၇ ဦးကို တရားရုံးက ဝရမ်းထုတ်ထားကြောင်း မေလ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ ဖမ်းဝရမ်းထုတ်ခံရသူများတွင် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးကြီးကြပ်သူများနှင့် China Railway No.10 ကုမ္ပဏီလည်း ပါဝင်ပြီး ဆောက်လုပ်ရေးစည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုအတွက် တစ်ဦးချင်းရော ကုမ္ပဏီအနေနှင့်ပါ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ခံရသော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta က ယနေ့ […]

မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာများကို ပိုမိုတင်းကျပ်၊ ဥပဒေမညီလျှင် ကျောင်းများကို ရပ်ဆိုင်းမည်ဟုဆို

Dawei Watch

May 15, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသအတွင်းရှိ မြန်မာကလေးငယ်များ သင်ယူနေသော ရွှေ့ပြောင်းသင်ကြားရေး စင်တာများကို ထိုင်းအစိုးရဌာနများက ယခုစာသင်နှစ်တွင် ပိုမိုတင်းကျပ်လာကြောင်း ထိုင်းသတင်းဌာနများနှင့် သင်ကြားရေးစင်တာက ဆရာများထံမှ သိရသည်။ ခရိုင်အတွင်းရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ (Learning Center) များကိုလည်း ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိမရှိ လာမည့် မေလ ၁၇ ရက်မှစ၍ ကွင်းဆင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ မေလ ၁၃ ရက်က ပြုလုပ်သော စမွတ်စခွန်အုပ်ချုပ်ရေးမှူးအပါအဝင် ပညာရေးဝန်ထမ်းများ၊ လဝကအရာရှိများနှင့် အခြားဝန်ထမ်းများ၏ အစည်းအဝေးတွင် ခရိုင်ထဲရှိ သင်ကြားရေးစင်တာများကို စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်ကြားရေးစင်တာများအနေဖြင့် ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းရပ်ဆိုင်းမည် ဖြစ်ကြောင်း စမွတ်စခွန်အရာရှိများရုံးက ထုတ်ပြန်ထားသည်။ သင်ကြားရေးစင်တာများကို ခွင့်ပြုထားသည့် သတ်မှတ်အဆောက်အအုံတွင် […]

သီရိလင်္ကာတွင် ဘတ်စ်ကားမောင်းသူများကို အေအိုင်စနစ်ဖြင့် စောင့်ကြည့်မည်

Dawei Watch

May 15, 2025

သီရိလင်္ကာနိုင်ငံတွင် ဘတ်စ်ကားမောင်းသူများကို AI နည်းပညာဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ခါးပတ် မဖြစ်မနေတပ်ရေး ဥပဒေပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း အစိုးရဝန်ကြီးတစ်ဦးက မေလ ၁၄ ရက်တွင် ပြောသည်။ ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံး ယာဉ်မတော်တဆမှုကြောင့် မေလ ၁၁ရက် တနင်္ဂနွေနေ့က လူ ၂၃ ဦး သေဆုံးခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ သီရိလင်္ကာနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှ လူ ၃၀၀၀ ခန့် သေဆုံးလျက်ရှိသည်။ သီရိလင်္ကာရှိ လမ်းများမှာ ကမ္ဘာ့အန္တရာယ်အရှိဆုံး လမ်းများထဲတွင် ပါဝင်နေသည်။ လာမည့်နှစ်မှစ၍ ဘတ်စ်ကားများတွင် ယာဉ်မောင်းသူစောင့်ကြည့်ရေးစနစ်များ တပ်ဆင်သွားမည်ဖြစ်ပြီး အများသုံး ယာဉ်များတွင် ခါးပတ် မဖြစ်မနေ တပ်ရမည် ဖြစ်ကြောင်း သီရိလင်္ကာအစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောသည်။ ယာဉ်မောင်းများတွင် […]

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များ အလှပြကားဖြင့် မြို့တွင်းလှည့်လည် အောင်ပွဲခံမည်

Dawei Watch

May 14, 2025

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို လီဗာပူး ဆွတ်ခူးရယူသွားခြင်းအတွက် အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံမည်ဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။ ယခုအစီအစဉ်ကို Krungthai-AXA Life အာမခံလုပ်ငန်းက အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ကို The Red Day ဟု သတ်မှတ်ကာ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားများ ကျင်းပမည်ဖြစ်သည်။ ဘန်ကောက်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် CentralWorld၊ Victory Monument နှင့် Central Ladprao စသည့်နေရာများတွင် ချန်ပီယံများ၏ချီတက်ပွဲဟု ခေါ်ဝေါ်သတ်မှတ်ကာ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် CentralWorld Square တွင် နေ့လည် ၁ နာရီကစတင်၍ အောင်ပွဲခံအခမ်းအနား ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည်တော်များက အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံခြင်းကို ညနေ […]

ဂျာမနီတွင် ဘုရင်အဖြစ်ကြေညာပြီး စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးစားသူကိုဖမ်းဆီး

Dawei Watch

May 14, 2025

ဂျာမနီနိုင်ငံတွင် ဘုရင်အဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးစားသူနှင့်အပေါင်းအပါများကို အစိုးရက ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ‘Reichsbürger’(အင်ပါယာနိုင်ငံသားများ) ဟု အမည်ပေးထားသည့်အဖွဲ့က ‘ဂျာမနီဘုရင့်နိုင်ငံ’ ဟု အဓိပ္ပါယ်ရသည့် Königreich Deutschland ကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများက ဖော်ပြသည်။ အဆိုပါ အဖွဲ့သည် ဂျာမနီနိုင်ငံတွင် နောက်ထပ်အစိုးရတစ်ခု တည်ထောင်ရန် ကြိုးစားလျက်ရှိသည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါးဒေါ့ဘရင့်တ်က ဆိုသည်။ အဆိုပါအဖွဲ့က ၎င်းတို့အပေါ် လူအများထောက်ခံလာစေရန် ဂျူးမုန်းတီးရေး ဝါဒဖြန့်လျက်ရှိကာ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ တရားမဝင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ရန်ပုံငွေကို ဖန်တီးခဲ့သည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ပီတာဖစ်ဇက်သည် ၎င်းကိုယ်၎င်း ဘုရင်အဖြစ် ခေါ်ဝေါ်သုံးစွဲလေ့ ရှိပြီး ၎င်းအား သစ္စာခံသည့် […]