တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
April 5, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဟောင်ကောင်တာဝန်ရှိသူများကို အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်မည် ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ်နေတဲ့ တာဝန်ရှိသူတွေကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ အမေရိကန်ဘက်က ကြေညာထားပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးတင်းကြပ်ထားတဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာပါ။ မကြာခင်မှာ အရေးယူမှုတွေ လုပ်တော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မှာလဲဆိုတာကိုတော့အတိအကျ ဖော်ပြခြင်း မရှိသေးပါဘူး။ နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု၊ လှို့ဝှက်ချက်ပေါက်ကြားမှုတွေသာမက နိုင်ငံခြာသားတွေ၊ နိုင်ငံခြားလုပ်ငန်းတွေနဲ့ အဆက်အဆံရှိသူတွေကိုပါ အရေးယူနိုင်အောင် Article […]