အစ္စရေးက အီရန်ကို ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်
Dawei Watch
April 19, 2024အစ္စရေးဘက်က အီရန်နိုင်ငံကို ဒုံးကျည်တွေနဲ့ ယနေ့ ဧပြီလ ၁၉ ရက်မှာ တန်ပြန်တိုက်ခိုက်ပါတယ်။ အခုလို တိုက်ခိုက်တာကို အမေရိကန် အာဏာပိုင်တွေဘက်က အတည်ပြုထားတာဖြစ်ပြီး အစ္စရေးဘက်ကတော့ ဘာမှ မဖြေကြားသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ အီရန်က အဝေးထိန်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက လက်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံ အစ်ဖာဟန်မြို့က လေတပ်စခန်းအနီးနားမှာ ပေါက်ကွဲသံတွေကြားခဲ့ရတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ အီရန်ဘက်က လေကြောင်းကာကွယ်ရေး ဒုံးလက်နက်တွေနဲ့ ဒုံးကျည်သုံးခုကို ပစ်ချနိုင်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။ အခုတိုက်ခိုက်မှုမှာ ထိခိုက်မှု မရှိဘူးလို့ အီရန်စစ်ဘက်ဗိုလ်ချုပ်တစ်ဦးက ပြောကြားထားပါတယ်။ တိုက်ခိုက်ခံရတဲ့ အီရန်နိုင်ငံ အစ်ဖာဟန်ဒေသဟာ အီရန်ရဲ့ နျူကလီးယားထုတ်လုပ်ရေးကြိုးပမ်းတဲ့ စက်ရုံတွေ တည်ရှိတဲ့ ဒေသဖြစ်ပါတယ်။ နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက်လာရင် ချက်ချင်း […]