ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်း မဲရုံအချို့တွင် မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် ရွေးကော်ထုတ်ပြန်

Dawei Watch

February 19, 2026

ထိုင်းရွေးကောက်ပွဲတွင် မဲမသမာမှုစွပ်စွဲချက်များကြောင့် မဲရုံအချို့ မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံအမှတ် ၆ တွင် လွှတ်တော်အမတ်နှင့် ပါတီကိုယ်စားပြုအမတ်အတွက် မဲပြန်ပေးရမည်ဖြစ်သည်။ နောက်ထပ် မဲရုံ ၇ ရုံတွင် မဲရလဒ်များကို ပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ မဲပြန်ရေတွက်ရမည့် မဲရုံများမှာ ပရာကျွတ်ခီရီခန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက အမှတ် ၂ နှင့် ၈ မဲရုံများ၊ ဖက်ချဘွန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၁ ၊ အမှတ် ၄ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၂၊ ကန်ဖမ်းဖက်ခရိုင် […]

အီရန်ကိုတိုက်ရန် အမေရိကန် အသင့်ဖြစ်ပြီ ထရမ့်၏ ဆုံးဖြတ်ချက်စောင့်နေ

Dawei Watch

February 19, 2026

အမေရိကန်က အီရန်ကို ယခုသီတင်းပတ်အကုန်တွင် စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်ရန် အသင့်အနေအထား ရှိနေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ သို့သော် တိုက်ခိုက်မှု ပြုမပြုနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် အတည်ပြုဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြသည်။ အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် သမ္မတထရမ့်က အကြိမ်ကြိမ် တောင်းဆိုထားပြီး သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက စစ်အင်အားအသုံးပြုမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။ အမေရိကန်စစ်တပ်သည် လာမည့်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ စတင်နိုင်ရန် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်လေယာဉ်နှင့် စစ်သင်္ဘောများကို လုံလောက်စွာ စုဖွဲ့ထားပြီးဖြစ်ကြောင်း The New York Times၊ CBS News နှင့် CNN သတင်းဌာနတို့က ဖော်ပြထားသည်။ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးကို ကိုးကား၍ […]

တရုတ်တွင် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး

Dawei Watch

February 18, 2026

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ မီးရှူးမီးပန်းအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၂ ဦး သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ယခုဖြစ်ရပ်သည် တရုတ်နှစ်သစ်ကူးကာလအတွင်း ဒုတိယအကြိမ်မြောက် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုလည်း ဖြစ်သည်။ ဟူဘေးပြည်နယ်အလယ်ပိုင်း ရှန်ယန်မြို့ရှိ အဆိုပါ မီးရှူးမီးပန်းဆိုင်မှ မီးလောင်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲရာတွင် မီးရှူးမီးပန်းများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့ရှိပြီး ယင်းတို့ကို အသုံးပြုမှုကြောင့် မတော်တဆ ထိခိုက်မှုများစွာလည်း ဖြစ်ပွားလေ့ရှိသည်။ တနင်္ဂနွေနေ့ကလည်း တရုတ်နိုင်ငံ၊ ရှန်စုပြည်နယ်အရှေ့ပိုင်းရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ […]

သီရိလင်္ကာတွင် လွှတ်တော်အမတ်များ ပင်စင်ခံစားခွင့် ဖျက်သိမ်း

Dawei Watch

February 18, 2026

သီရိလင်္ကာနိုင်ငံတွင် လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလ ၁၇ ရက်က လွှတ်တော်အတွင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် မဲပေးအတည်ပြုလိုက်သည်။ ယင်းမှာ လက်ရှိအာဏာရ မာ့စ်ဝါဒီယိမ်းအစိုးရ၏ ရွေးကောက်ပွဲအကြို ကတိကဝတ်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။ လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဥပဒေကြမ်းကို အဖွဲ့ဝင် ၂၂၅ ဦးပါဝင်သော လွှတ်တော်အတွင်း ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ မဲခွဲချိန်တွင် လွှတ်တော်တက်ရောက်ခြင်း မရှိခဲ့ကြပေ။ သီရိလင်္ကာတွင် ယခင်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ပြီးပါက ပင်စင်ခံစားခွင့် ရှိခဲ့သည်။ အင်္ဂါနေ့က အတည်ပြုလိုက်သည့် ဥပဒေသစ်အရ လက်ရှိပင်စင် ရရှိနေသူများ သို့မဟုတ် ပင်စင်ရရှိရန် သတ်မှတ်ချက် ပြည့်မီသူများ အားလုံးကို […]

ယခုနှစ်အတွင်း လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်ရန် အင်ဒိုနီးရှား‌ မျှော်မှန်း

Dawei Watch

February 17, 2026

နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို ယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်ရန် မျှော်မှန်းထားကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အီတလီရေတပ်တွင် အသုံးပြုပြီးသား အဆိုပါ လေယာဉ်တင်သင်္ဘော ITS Giuseppe Garibaldi ဝယ်ယူမည့်လုပ်ငန်းစဉ်မှာ ဆောင်ရွက်ဆဲအဆင့်တွင်သာရှိသေးကြောင်း ၎င်းက ပြောသည်။ ဝယ်ယူရေးလုပ်ငန်းစဉ် ပြီးစီးလျှင် အီတလီရေတပ်မှ အနားပေးထားသည့် အဆိုပါ သင်္ဘောသည် အင်ဒိုနီးရှားရေတပ်၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်လာမည် ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် အင်ဒိုနီးရှားစစ်တပ် နှစ်ပတ်လည်နေ့ မတိုင်မီ အဆိုပါ လေယာဉ်တင်သင်္ဘောကို လက်ခံရရှိရန် မျှော်လင့်ထားကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် မူဟာမက်အလီက ပြောသည်။ “အင်ဒိုနီးရှားစစ်တပ် နှစ်ပတ်လည်နေ့ မတိုင်မီ အင်ဒိုနီးရှားကို ဒီလေယာဉ်တင်သင်္ဘော ရောက်လာဖို့ ကျွန်တော်တို့ […]

မလေးရှားတွင် တစ်လခွဲအတွင်း တီဘီရောဂါကူးစက်ခံရသူ နှစ်ထောင်ကျော်လာသဖြင့် သတိပေးချက်ထုတ်

Dawei Watch

February 16, 2026

မလေးရှားနိုင်ငံတွင် တစ်လခွဲအတွင်း တီဘီရောဂါ ကူးစက်ခံရသူ ၂၅၀၀ ကျော်အထိ ရှိလာသဖြင့် ပြည်သူများ သတိထား နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း တီဘီရောဂါပိုး ကူးစက်ခံရသူ ၅၀၃ ဦးအထိ ရှိလာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၇ရက်အထိ တစ်နိုင်ငံလုံးတွင် ၂၅၇၁ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။ Sabah ပြည်နယ်တွင် တီဘီရောဂါ ကူးစက်ခံရသူ ၆၁၄ ဖြင့် အမြင့်ဆုံးဖြစ်နေပြီး ဆယ်လန်ဂေါပြည်နယ်တွင် ၄၇၆ ဦး၊ ဆာရာဝက်ပြည်နယ်တွင် ၂၅၇ ဦး၊ ဂျိုဟာပြည်နယ်တွင် ၂၃၃ ဦးနှင့် ကွာလမ်လမ်ပူနှင့် ပူတရာဂျာရာတွင် […]

ဗြိတိန်တွင် ကလေးများ ဘေးမဖြစ်ရန် AI Chatbot များကို နှိမ်နင်းမည်

Dawei Watch

February 16, 2026

ကလေးငယ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် AI Chatbots များကို အရေးယူနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အသိပေးပြောဆိုလိုက်သည်။ အရွယ်မရောက်သေးသူများ အင်တာနက်အသုံးပြုမှုကို ထိန်းညှိကန့်သတ်နိုင်ရေးကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံပြောကြားခဲ့သည်။ AI အသုံးပြု၍ ဖန်တီးထားသည့် ဥပဒေနှင့် မညီသည့် စက်ဆုပ်ဖွယ်ကောင်းသော အကြောင်းအရာများကို ပစ်မှတ်ထား အရေးယူမည် ဖြစ်ကြောင်း ဗြတိန်ဝန်ကြီးချုပ်ရုံးက ဆိုသည်။ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ရေးနှင့် ပတ်သက်၍ လူထုသဘောထား တောင်းခံမှုမှ ထွက်ပေါ်လာသည့် ရလဒ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်များ ရရှိရေးကိုလည်း တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ “နည်းပညာက အင်မတန် လျင်လျင်မြန်မြန် တိုးတက်နေတာကြောင့် ဥပဒေတွေကလည်း […]

ဗီယက်နမ်တွင် Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုစရန် ခွင့်ပြု

Dawei Watch

February 16, 2026

အီလွန်မတ်ပိုင် SpaceX ကုမ္ပဏီ၏ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ဗီယက်နမ်နိုင်ငံအတွင်း စတင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖော်ပြသည်။ Starlink ၏ ဗီယက်နမ်အခြေစိုက်လုပ်ငန်းခွဲအနေဖြင့် နိုင်ငံအတွင်း အထိုင်စနစ်နှင့် ရွေ့လျားစနစ်သုံး ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုနှစ်မျိုးစလုံး ပေးအပ်နိုင်ရေးအတွက် ဗီယက်နမ်အစိုးရ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ယင်းလုပ်ငန်းခွဲအား ရေဒီယိုဆက်သွယ်ရေးပစ္စည်းကိရိယာများ အသုံးပြုခွင့်လိုင်စင်ကိုလည်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ၏ ပထမဆုံး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ခေါင်းဆောင် တိုလမ်၏ ခရီးစဉ်မတိုင်မီ ယခု ခွင့်ပြုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းခရီးစဉ်အား ဗီယက်နမ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ […]