ဗင်နီဇွဲလား သမ္မတအား နိုင်ငံပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟု ထရမ့်ပြော
Dawei Watch
January 3, 2026ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးကာ နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကို အမေရိကန်က အကြီးအကျယ် တိုက်ခိုက်ပြီးနောက် ထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။ “ဗင်နီဇွဲလားနိုင်ငံနဲ့ သူ့ရဲ့ခေါင်းဆောင် မာဒူရိုကို အမေရိကန်က အကြီးစားတိုက်ခိုက်မှုတစ်ခု အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပါပြီ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “ဒီစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကာရာကတ်စ်မြို့တွင် ပထမဆုံး […]


