အမေရိကန်နှင့် ဆက်ဆံရေးကြောင့် ဂျပန်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုဟုဆို
Dawei Watch
September 17, 2025ဂျပန်အစိုးရအနေဖြင့် လက်ရှိတွင် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဂျပန်သတင်းစာ Asahi Shimbum က ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြသည်။ အမေရိကန်နှင့် ဂျပန်အကြား ဆက်ဆံရေးကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဂျပန်အစိုးရအရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အစ္စရေးဘက်က ပိုမိုသဘောထား မတင်းမာလာစေရန် ရည်ရွယ်၍ ဂျပန်အစိုးရက ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ယခုလ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသွားမည်ဟု ဗြတိန် ၊ ပြင်သစ် ၊ ကနေဒါနှင့် ဩစတြေးလျအပါအဝင် နိုင်ငံတကာအစိုးရအချို့က ထုတ်ဖော်ပြောဆိုထားသည်။ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုရန် အမေရိကန်က သံတမန်နည်းလမ်းပေါင်းစုံဖြင့် ဂျပန်အစိုးရကို တိုက်တွန်းထားကြောင်း Kyodo News […]


