ပါလက်စတိုင်းနိုင်ငံကို ကုလအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များ အသိအမှတ်ပြု ထောက်ခံ
Dawei Watch
September 23, 2025အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လာသည့် ဒါဇင်နှင့်ချီသည့် ကမ္ဘာ့ခေါင်းဆောင်များက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု ထောက်ခံခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သူ အမေရိကန်အစိုးရတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း ဂါဇာစစ်ပွဲ နှစ်နှစ်ပြည့်ခါနီးအလိုတွင် ထွက်ပေါ်လာသည့် ကြီးမားသည့် သံတမန်ရေးအပြောင်းအလဲတစ်ခု ဖြစ်သည်။ အစ္စရေးသမိုင်းတွင် လက်ယာစွန်းအရောက်ဆုံးဖြစ်သည့် လက်ရှိ နေတန်ညာဟုအစိုးရက ပါလက်စတိုင်းနိုင်ငံဟူ၍ ရှိလာမည် မဟုတ်ဟု ကြေညာထားသည်။ လူပေါင်း ၁၂၀၀ ခန့် သေဆုံးစေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ အစ္စရေးသည် ဂါဇာတွင် ဟားမတ်စ်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဂါဇာတွင် ၎င်းတို့၏ စစ်ရေးလုပ်ဆောင်မှုများကြောင့် အစ္စရေးအစိုးရအပေါ် ကမ္ဘာ့နိုင်ငံများမှ […]


