ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို အစ္စရေးနှင့် ဟားမတ်စ်တို့ လက်ခံဖွယ်ရှိ

Dawei Watch

October 4, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန် ဆန္ဒရှိကြောင်း အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းတစ်ရပ်က ဆိုသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ပထမအဆင့်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးအစိုးရနှင့် စစ်တပ်က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်လိုက်သည်။ အလားတူ ထုတ်ပြန်ချက်ကို ဟားမတ်စ်အဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးဘက်ကပါ ထုတ်ပြန်လာခြင်း ဖြစ်သည်။ ယင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ရေး လပေါင်းများစွာ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ရာမှ အောင်မြင်မှုရရန် အလားအလာကောင်းတစ်ခု ဖြစ်ကြော်း CNN သတင်းဌာနက ဖော်ပြသည်။ ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးပြီး အစ္စရေးနှင့် ဆွေးနွေးမှုများ ချက်ချင်း စတင်ရန် သဘောတူကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ သို့သော် […]

ပြင်သစ် မြို့ပေါင်း နှစ်ရာကျော်တွင် ဆန္ဒပြပွဲ

Dawei Watch

October 3, 2025

ပြင်သစ်နိုင်ငံအနှံ့က မြို့ကြီး၊ မြို့ငယ် နှစ်ရာကျော်တွင် အောက်တိုဘာလ ၂ ရက်က လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ အစိုးရအသုံးစရိတ်လျှော့ချမှုကို ဆန့်ကျင်ကြောင်း ပြသကာ လူချမ်းသာများအပေါ် အခွန်တိုးကောက်ပေးရေး တောင်းဆိုသည့်အနေဖြင့် ယင်းသို့ ပြည်လုံးကျွတ်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်လက်ထက်က အစိုးရအသုံးစရိတ်မူကြမ်းတွင် လူမှုဖုံလှုံရေးထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနှင့် ခြိုးခြံချွေတာရေးအစီအမံများ ပါဝင်ပြီး လစာနိမ့်အလုပ်သမားများနှင့် လူလတ်တန်းစားအလုပ်သမားများ၏ ဝယ်ယူ စားသုံးနိုင်စွမ်းကို ပိုအားနည်းသွားစေလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရလျက် ရှိသည်။ ဝန်ကြီးချုပ်သစ် Sébastien Lecornu အနေဖြင့် ယခင်ဝန်ကြီးချုပ် အဆိုပြုခဲ့သည့် အစိုးရအသုံးစရိတ်မူကြမ်းကို စွန့်လွှတ်ရန် အလုပ်သမားသမဂ္ဂများက ပြင်းပြင်းထန်ထန် တိုက်တွန်းလျက် ရှိသည်။ ကြာသပတေးနေ့တွင် မြို့တော်ပဲရစ်၌ အလုပ်သမားများ၊ ပင်စင်စားများနှင့် ကျောင်းသားများ ထောင်ပေါင်းများစွာ စုဝေးချီတက်ခဲ့ကြရာ ကမ္ဘာကျော် အီဖယ်မျှော်စင်ကိုလည်း ဆန္ဒပြပွဲများကြောင့် ပိတ်ထားလိုက်ရသည်။ […]

ဒရုန်းများ တွေ့ရှိမှုကြောင့် မြူးနစ်လေဆိပ် ခရီးစဉ်များ ရပ်နားခဲ့ရ

Dawei Watch

October 3, 2025

ဂျာမဏီနိုင်ငံ၊ မြူးနစ်လေဆိပ်၌ အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် ပြင်ပဒရုန်းများ တွေ့ရှိမှုကြောင့် လေယာဉ်ခရီးစဉ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ရပ်နားထားလိုက်ရသည်။ ယင်းကြောင့် လေယာဉ်ခရီးစဉ် ၁၇ ခု ဖျက်သိမ်းလိုက်ရကာ ခရီးသည်ပေါင်း ၃၀၀၀ ၏ ခရီးစဉ်များ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်အစောပိုင်းက ထုတ်ပြန်သည်။ အဆိုပါ လေဆိပ်သို့ ဆင်းသက်မည့် နောက်ထပ်ခရီးစဉ် ၁၅ ခုမှာလည်း ရှတွတ်ဂတ် ၊ နုရင်ဘတ် ၊ ဗီယင်နာ ၊ ဖရန့်ခ်ဖတ်လေဆိပ်များသို့ ပြောင်းလဲဆင်းသက်ခဲ့ရကြောင်း ဆိုသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဒိန်းမတ်နှင့် နော်ဝေတွင် ပြင်ပဒရုန်းများကြောင့် လေဆိပ်များ ပိတ်ထားခဲ့ရသည်။ မြူးနစ်လေဆိပ်ဖြစ်ရပ်မှာ ဥရောပလေကြောင်းခရီးစဉ်များတွင် ပြင်ပဒရုန်းများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်ခဲ့သည့် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ဖြစ်ရပ် […]

မြန်မာဘက်ပို့မည့် ကျည်များ မဲဆောက်တွင် ဖမ်းမိ

Dawei Watch

October 2, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် RPG နှင့် လက်နက်ကြီးတွင် အသုံးပြုသည့် ကျည်ဆန်များ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂ ရက် ညနေပိုင်းက မယ့်လမောင်းဒေသရှိ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်ရာ အိမ်စီးကားတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှယင်းသို့ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လက်နက်ပစ္စည်းများနှင့်အတူ ကားပေါ်လိုက်ပါလာသော ကားသမားအပါအဝင် ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ လက်နက်ပစ္စည်းများကို ကားအနောက်ခန်းရှိ အိတ်များထဲတွင် ထည့်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးရမိရာတွင် RPG ကျည်များ၊ လက်နက်ကြီးကျည်များ၊ RPG ပို့ယမ်းတောင့်များ ပါဝင်ကြောင်း ဖော်ပြသည်။ ကားသမားနှစ်ဦးသည် စီစကက်ခရိုင်မှ မောင်းနှင်လာပြီး လက်နက်များကို မဲဆောက်ခရိုင်ထဲရှိ အခြားဒေသသို့ ပို့ဆောင်စဉ် ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ဥရောပတိုက် ဒရုန်းကာကွယ်ရေးစနစ်တည်ဆောက်ရန် ဆွေးနွေး

Dawei Watch

October 2, 2025

ရုရှားဒရုန်းရန်မှ ဥရောပကို ကာကွယ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်ရေးကို ဥရောပသမဂ္ဂ (EU) နိုင်ငံ့ခေါင်းဆောင်များက အောက်တိုဘာလ ၁ ရက်က သဘောတူထောက်ခံလိုက်သည်။ ဒိန်းမတ်နိုင်ငံ၊ မြို့တော် ကိုပင်ဟေဂင်တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ယင်းသို့ သဘောတူထောက်ခံလိုက်ခြင်း ဖြစ်သည်။ ဥရောပတိုက်အတွက် ဒရုန်းကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ဒိန်းမတ် လေပိုင်နက်ထဲ ပြင်ပနိုင်ငံတစ်ခုက ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကြောင့် နိုင်ငံအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး၏ လုံခြုံရေးကို ဥရောပနိုင်ငံများမှ စေလွှတ်သည့် တပ်ဖွဲ့များ၊ ဒရုန်းဖျက်စနစ်များဖြင့် ပိုမိုတင်းကျပ်ထားခဲ့သည်။ အောက်တိုဘာလ ၃ ရက်အထိ ဒိန်းမတ်နိုင်ငံအတွင်း ဒရုန်းပျံသန်းမှုအားလုံးကို ပိတ်ပင်ထားခဲ့သည်။ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark […]

အာဖဂန်နစ္စတန်မှာ အင်တာနက် ပြန်ရ

Dawei Watch

October 2, 2025

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အစိုးရက အောက်တိုဘာလ ၁ ရက်နေ့က အင်တာနက် ပြန်ဖွင့်ပေးလိုက်သောကြောင့် နိုင်ငံသားများစွာ ဝမ်းသာအားရ လမ်းပေါ်ထွက်လာခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှ စ၍ အင်တာနက်လိုင်းများ စတင်ပိတ်ပင်လိုက်မှုကြောင့် တာလီဘန်အစိုးရအပေါ် ကျယ်ကျယ်ပြန့်ပြန့် အပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် အင်တာနက် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Netblocks က အင်တာနက်လိုင်းမှာ တစ်ဝက်တစ်ပျက်သာ ပြန်ရသေးသည်ဟု ပြောသည်။ တာလီဘန်ဝန်ကြီးချုပ်၏ အမိန့်အရ အင်တာနက်ပြန်ရလာခြင်း ဖြစ်ကြောင်း တာလီဘန်အစိုးရနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ BBC သတင်းတွင် ဖော်ပြသည်။ ၄၈ နာရီကြာ အင်တာနက်ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ၊ လေယာဉ်ခရီးစဉ်များတွင် […]

အင်ဒိုနီးရှားတွင် ဘာသာရေးစာသင်ကျောင်း ပြိုကျ၊ လူ တစ်ရာနီးပါး ပျောက်ဆုံးနေ

Dawei Watch

October 1, 2025

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့တွင် စက်တင်ဘာလ ၃၀ ရက်က အစ္စလာမ်ဘာသာရေး ကျောင်းဆောင်တစ်ခု ပြိုကျခဲ့ပြီး ပိတ်မိနေသည့် ကလေးငယ်များကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း သုံးလောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အာဏာပိုင်များက ပြောသည်။ အခြားကလေးငယ် ၉၉ ဦးမှာ ဆေးရုံတင်ထားရပြီး အချို့မှာ ဒဏ်ရာ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။ ပျောက်ဆုံးနေသူ ဦးရေ အနည်းဆုံး ၉၁ ဦး ရှိပြီး ၎င်းတို့ကို အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။ ပြိုကျခဲ့သည့် အဆိုပါ ဘာသာရေးကျောင်းဆောင်၏ အပေါ်ထပ်မှာ ဆောက်လုပ်နေဆဲ အခြေအနေရှိပြီး အောက်ထပ်တွင် ကလေးများ ဝတ်ပြုဆုတောင်းနေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ […]

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးရှိလာ

Dawei Watch

October 1, 2025

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက် ညက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။ မဂ္ဂနီကျုဒ် ၆ ဒသမ ၉ အဆင့်ရှိ အဆိုပါငလျင်သည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ကိုးသောင်းခန့်ရှိသည့် ဆီဘူးပြည်နယ်၊ ဘိုဂိုမြို့သည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် မြို့ဖြစ်သည်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘိုဂိုမြို့တွင် အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုက်ကလပ်များ ပြိုကျကာ ပိတ်မိနေသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ဘိုဂိုမြို့ခံများ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ငလျင်၏ ဗဟိုချက်မှာ ဘိုဂို၏ […]