ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အမေရိကန်ဖိအားကို ဘယ်တော့မှ အညံ့မခံဟု ပူတင်ပြော

Dawei Watch

October 24, 2025

ရုရှားအနေဖြင့် အမေရိကန် သို့မဟုတ် အခြားသော နိုင်ငံခြားအင်အားစုတစ်ခုခု၏ ဖိအားပေးမှုကို ဘယ်သောအခါမျှ အလျှော့ပေးအညံ့ခံမည် မဟုတ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ရုရှား၏ ပိုင်နက်အတွင်းပိုင်းအထိ စစ်ရေးအရ ထိုးဖောက်တိုက်ခိုက်မှုမျိုးကိုလည်း သာလွန်အင်အားဖြင့် အပြင်းအထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောဆိုလိုက်သည်။ ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် အရေးယူပိတ်ဆို့မှု ချမှတ်လိုက်သည်။ ယင်းမှာ ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်ပြီး ရုရှားအပေါ် ထားရှိသော ထရမ့်အစိုးရ၏ မူဝါဒ ပြတ်ပြတ်သားသား ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ အမေရိကန်၏ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ကြာသပတေးနေ့တွင် ကမ္ဘာ့ရေနံဈေး ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုသည် မိတ်ဆွေမဆန်သော […]

ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် လွဲခဲ့သည့် သမ္မတထရမ့်ကို ငြိမ်းချမ်းရေးဗိသုကာဆု ပေးအပ်

Dawei Watch

October 23, 2025

၃၇ ယောက်မြောက် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ ဖောင်ဒေးရှင်က ပေးအပ်သည့် ငြိမ်းချမ်းရေးဗိသုကာဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနား၌ အောက်တိုဘာလ ၂၁ ရက်က လက်ခံရယူခဲ့ကြောင်း CBS သတင်းတစ်ရပ်က ဖော်ပြသည်။ အဆိုပါ ဆုကို သမ္မတထရမ့်အား ပေးအပ်ချီးမြှင့်ရာတွင် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ သမီးဖြစ်သူ ထရစ်ရှာနစ်ဆန်ကော့ဇ် ၊ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ရောဘတ်အိုဘရိုင်ယန်နှင့် အမေရိကန်အစိုးရယာယီမော်ကွန်းထိန်း ဂျင်ဘိုင်ရွန်တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဆုကို အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန် ကွယ်လွန်ပြီး များမကြာမီ ၁၉၉၅ ခုနှစ်တွင် စတင်ပေးအပ်လာခြင်း ဖြစ်ကြောင်း ရစ်ချတ်နစ်ဆန်ဖောင်းဒေးရှင်၏ တရားဝင်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ “ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးကို ပုံဖော်ဖန်တီးလိုသည့် တစ်သက်တာရည်မှန်းချက်ကို” ဖော်ဆောင်သူများအား ရည်ရွယ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း […]

စစ်အုပ်စု ရွေးကောက်ပွဲအတုကို လေ့လာသူ မလွှတ်ဖို့ အာဆီယံကို ကုလတိုက်တွန်း

Dawei Watch

October 23, 2025

စစ်အုပ်ချုပ်ရေးခိုင်မာစေပြီး နိုင်ငံတကာဖိအား လျှော့ချရန် ရည်ရွယ်ပြုလုပ်မည့် မြန်မာစစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များက ပြတ်ပြတ်သားသား ပယ်ချရမည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက အောက်တိုဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့အရေး ချဉ်းကပ်မှုနှင့်ပတ်သက်၍ အာဆီယံသည် အရေးကြီးသည့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုလွန်ခဲ့တဲ့ လေးနှစ်မှာ လက်မှတ်ထိုးလိုက်ချိန်ကတည်းက ဒီဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက သရော်လာခဲ့တယ်။ အခုချိန်မှာ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံက တရားဝင်အသိအမှတ်ပြုပေးဖို့ လိုလားနေတယ်။ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ အကျဉ်းကျခံနေရချိန် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ […]

လူမှုဖူလုံရေးအစီအစဉ် ဖြတ်တောက်မှုက လက်ယာစွန်းများ အင်အားကြီးထွားစေဟုဆို

Dawei Watch

October 22, 2025

လူမှုဖူလုံရေးအစီအစဉ်များကို ပင်မရေစီးကြောင်း နိုင်ငံရေးသမားများက ဆယ်စုနှစ်ချီ ဖြတ်တောက်လာခဲ့မှုက ကမ္ဘာတစ်ဝန်းတွင် လက်ယာစွန်းနှင့် လက်ယာယိမ်း ပေါ်ပြူလစ်နိုင်ငံရေးသမားများကိုအင်အားကြီးထွားလာစေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောဆိုချက်ကို The Guardian သတင်းစာတွင် ဖော်ပြထားသည်။ လန်ဒန်မှသည် လစ္စဘွန်းအထိ ဗဟိုလက်ယာနှင့် ဗဟိုလက်ဝဲပါတီများမှ နိုင်ငံရေးသမားများသည် လူမှုဖူလုံရေးအစီအစဉ်များကို ဖြည်းဖြည်းချင်း လျှော့ချပစ်ခဲ့ကြကြောင်း ၊ ယင်းမှတစ်ဆင့် ပြည်သူများအကြား ၎င်းတို့အတွက် အရင်းအမြစ်မလုံလောက်သည့် ခံစားချက်များ ဖြစ်ပေါ်လာစေပြီး ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် ခံစားချက်များ ကြီးထွားလာစေကြောင်း အဆိုပါ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဆိုသည်။ “တကယ်လို့ ကျွန်တော်တို့ကသာ လူမှုဖူလုံရေးအစီအစဉ်တွေကို ပိုလုပ်ပေးနေခဲ့မယ်ဆိုရင် လူတွေမှာ သူတို့ ခြိမ်းခြောက်ခံနေရပြီလို့ ခံစားနေရမှာ မဟုတ်သလို သူတို့ နောက်ကျကျန်ရစ်ခဲ့မှာလည်း ကြောက်ရွံ့နေကြမှာ မဟုတ်ပါဘူး” ဟု ကုလသမဂ္ဂ၏ အလွန်အကျွံဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် […]

ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသတစ်ခုဖြစ်သော အိုက်စလန်တွင် ခြင် ၃ ကောင်စတင်တွေ့ရှိ

Dawei Watch

October 22, 2025

ယခုနှစ် နွေဦးရာသီတွင် စံချိန်တင်အပူချိန်မြင့်တက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ကမ္ဘာ့မြောက်ဖျားပိုင်းရှိ အိုက်စလန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြင်သုံးကောင်ကို စတင်တွေ့ရှိခဲ့ရသည်။ ကမ္ဘာပေါ်တွင် ခြင်ကင်းစင်သည့် နေရာနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် အိုက်စလန်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ခြင်များကို တွေ့ရှိရခြင်းသည် အံ့အားသင့်စရာ အပြောင်းအလဲ တစ်ရပ်ဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။ သိပ္ပံအမည် Culiseta annulata အမျိုးအစား ခြင်ထီးတစ်ကောင်နှင့် ခြင်မနှစ်ကောင်ကို အိုက်စလန်နိုင်ငံ၏ မြို့တော်ရေချ်ဂျာဗစ်မှ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တွေ့ရှိခဲ့ရသည်။ ယခုတွေ့ရှိမှုသည် အိုက်စလန်၏ သဘာဝပတ်ဝန်းကျင်တွင် ခြင်များ ရှိနေကြောင်း ပထမဆုံး မှတ်တမ်းဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်များစွာက အိုက်စလန်နိုင်ငံ ကက်ဖလာဗစ်လေဆိပ်၌ ခြင်တစ်ကောင်ကို တစ်ခါ တွေ့ရှိဖူးကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခု တွေ့ရှိမှုသည် […]

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မှာ မဟုတ်ဟု ထရမ့် ပြော

Dawei Watch

October 21, 2025

တရုတ်က ထိုင်ဝမ်ကို ကျူး‌ကျော်မှာ မဟုတ်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၂၀ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းအကြား ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုလနှောင်းပိုင်းတွင် အပြီးသတ်ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည့်အရေး စိုးရိမ်မှုများနှင့် ပတ်သက်၍ ထရမ့်က “တရုတ်နဲ့ ကျွန်တော်တို့အကြား ဆက်ဆံရေး အဆင်ပြေနေမယ်လို့ ထင်ပါတယ်။ တရုတ်က အဲဒါကို လုပ်ချင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။ တနင်္လာနေ့က အိမ်ဖြူတော်တွင် ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားရာ၌ ထရမ့်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ […]

မြန်မာပြည် အပစ်ရပ်ရေး ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

Dawei Watch

October 21, 2025

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲကြရန် အောက်တိုဘာလ ၁၉ ရက်က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။ ဗာတီကန်စီးတီး ၊ စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့ (World Mission Sunday) ဆုတောင်းပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခဲ့ရာ၌ မြန်မာနိုင်ငံအတွက် ယင်းသို့ တောင်းဆိုမေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများမှာ “စိတ်မချမ်းမြေ့စရာ” အဖြစ် ပုပ်ရဟန်းမင်းကြီးက သုံးနှုန်းပြောဆိုခဲ့သည်။ အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ၎င်းက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုနှင့် ဒုက္ခဆင်းရဲများကြောင့် ခံစားနေရသူအားလုံးနှင့် နီးနီးကပ်ကပ် အတူရှိနေပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။ “ချက်ချင်းအကျိုးသက်ရောက်နိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို […]

သမ္မတပရာဘိုဝို သက်တမ်းတစ်နှစ်ပြည့်နေ့တွင် အင်ဒိုနီးရှား ကျောင်းသားများဆန္ဒပြ

Dawei Watch

October 21, 2025

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာတွင် အောက်တိုဘာလ ၂၀ ရက်က ကျောင်းသား ရာနှင့်ချီပြီး သမ္မတပရာဘိုဝိုဆူဘီယန်တို အစိုးရကို ဆန့်ကျင်ဆန္ဒပြကြသည်။ သမ္မတပရာဘိုဝိုဆူဘီယန်တို သက်တမ်းတစ်နှစ်ပြည့်သည့်နေ့တွင် ယင်းသို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အင်ဒိုနီးရှားကျောင်းသားဆန္ဒပြပွဲ ဖြစ်သည်။ အဝါရောင်နှင့် အပြာရောင် ဂျာကင်များ ဝတ်ဆင်ထားသည့် ကျောင်းသား ၃၀၀ ခန့်က သမ္မတပရာဘိုဝို၏ အစိုးရအဖွဲ့ တနင်္လာနေ့က အစည်းအဝေးပြုလုပ်နေချိန်တွင် သမ္မတအိမ်တော်အနီး စုဝေးဆန္ဒပြခဲ့ကြသည်။ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ကျောင်းသားဦးဆောင်သည့် ဆန္ဒပြပွဲများတုန်းကထက် ယခုတစ်ကြိမ်တွင် ဆန္ဒပြသူအရေအတွက် များစွာ ပိုလျော့နည်းသည်။ ဩဂုတ်လက နိုင်ငံအနှံ့ ဆန္ဒပြပွဲများတွင် အစိုးရ၏ မူဝါဒများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်ထူးခံဖြစ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ […]