ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ
diz_admin
August 3, 2022ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဝါတ်လိကျိအ်ဘုရားကျောင်းတွင် တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားများသည် ကားပြောင်းလဲရန်ပြင်ဆင်နေသည်ဟု သတင်းရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ ယင်းနောက် ထိုင်းရဲတပ်ဖွဲ့နှင့် ရွာသူကြီးများက သွားရောက်စစ်ဆေးရာတွင် ဘုရားကျောင်းအနီး မီးသင်္ဂြိုဟ်စက်အနီး ရပ်ထားသော ကား ၄ စီးနှင့်အတူ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖော်ပြသည်။ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ကားသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကားသမား ၃ တို့ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရေးသားထားသည်။ ကားလေးစီးအနက် ပထမကားတွင် […]


