ဂျပန်ဝန်ကြီးချုပ်သစ် အောက်တိုဘာ ၁ တွင် ရွေးချယ်မည်
Dawei Watch
September 19, 2024ဂျပန်ဝန်ကြီးချုပ်သစ်ရွေးချယ်မည့် ပါလီမန်အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ကြောင်း အာဏာရနှင့် အတိုက်အခံ နှစ်ဖက်ပါတီများ သဘောတူလိုက်ပြီဖြစ်သည်။ အာဏာရ LDP ပါတီ၏ ခေါင်းဆောင်သစ်ရွေးချယ်မှုကို လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီတွင်း မဲပေးရွေးချယ်မှုအရ ရွေးချယ်တင်မြှောက်သွားရန် ရှိသည်။ LDP ပါတီသည် ဂျပန်နိုင်ငံကို ဆယ်စုနှစ်များစွာ ဆက်တိုက်နီးပါး အုပ်ချုပ်လာခဲ့သည့် ပါတီဖြစ်သည်။ လွှတ်တော် နှစ်ရပ်စလုံးတွင် အသာစီးရထားသော LDPပါတီ၏ ခေါင်းဆောင်သစ်သည် ဝန်ကြီးချုပ်ရာထူးကိုပါ တပါတည်း ရရှိမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အသစ်ရွေးကောက်တင်မြှောက်လိုက်သည့် ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထောက်ခံပေးရသည်။ ပါတီခေါင်းဆောင်သစ်အဖြစ် အဆိုပြုထားသည့် ကိုယ်စားလှယ် ကိုးဦး ရှိသည့်အနက် စစ်တမ်းများအရ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရေပန်းအစားဆုံး ကိုယ်စားလှယ် သုံးဦး […]


