BREAKING
October 19, 2025

နိုင်ငံတကာသတင်း

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရာထူးမှ ရပ်နားခံရ

Dawei Watch

August 29, 2025

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၉)တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သော ဩဂုတ်လ ၂၁ ရက်နေ့က ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ဥပဒေခုံရုံးတွင် ကြားနာမှုပြုလုပ်ပြီးနောက် ယနေ့တွင် ရာထူးမှ ရပ်နားရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်သည် ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ရာထူးကို ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ရပ်နားခံရခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောမှတ်တမ်း ပေါက်ကြားမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ကို အရေးယူပေးရန် အထက်လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တိုင်ကြားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူလိုက်ပြီး ဝန်ကြီးချုပ်ကို ယခုနှစ် […]

ထိုင်းအဖွဲ့အစည်းများစွာက ဝိုင်းတောင်းဆိုမှုကြောင့် ကမ္ဘောဒီယားကျောင်းသား နေရပ်ပြန်ပို့မခံရ

Dawei Watch

August 29, 2025

ထိုင်းနိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားကျောင်းသားကို နေရပ်ပြန်ပို့မည့်ဖြစ်စဉ်မှ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ စူရင်းခရိုင်တွင် ကျောင်းတက်နေသော အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားတစ်ဦးကို တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ကျောင်းအလံတင်ပွဲအပြီးတွင် ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရစဉ်တွင် ထိုင်းကင်းထောက်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရဲစခန်းအရောက်တွင် ကင်းထောက်ဝတ်စုံကို လဲစေ၍ လဝကဥပဒေအရ နေရပ်ပြန်ပို့မည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကို ထိုင်းဆရာဖြစ်သူက ဩဂုတ်လ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်တင်ပြခဲ့ရာမှတစ်ဆင့် အဖွဲ့အစည်းများစွာက ကြားဝင်တောင်းဆိုပေးခဲ့ခြင်းဖြစ်သည်။ ကလေးသည် လိမ္မာသောကလေးဖြစ်ပြီး အားကစား၊ ဂီတနှင့် စာပေတွင် GPA အဆင့် ၄ ရရှိထားသော ထူးချွန်ကျောင်းသားဖြစ်ကြောင်း ဆရာဖြစ်သူက ပြောသည်။ ကလေးသည် […]

မုန်တိုင်းတိုက်ပြီး ရေကြီးမြေပြိုမှုကြောင့် ထိုင်းတွင် သေဆုံးသူ ငါးဦးရှိလာ၊ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

Dawei Watch

August 28, 2025

ကဂျီကီ မုန်တိုင်းတိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူများ ဆက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ခရိုင်များ အပါအဝင် ခရိုင် ၁၂ ခုအထိ ရေကြီးမှု၊ မြေပြိုမှုများကို ပြင်းထန်စွာခံစားခဲ့ရပြီး လမ်း၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ရေကြီးမြေပြိုမှုများကြောင့် အိမ်ပေါင်း ၁၈၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၆၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က ထုတ်ပြန်သည်။ ချင်းမိုင်တွင် မြေပြိုမှုကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး မယ်ဟောင်ဆောင်တွင် တစ်ဦး ရေနှင့်အတူ […]

ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်နဲ့ American Football ကစားသမားတို့ စေ့စပ်လိုက်ပြီ

Dawei Watch

August 27, 2025

ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ် ဟာ သူမရဲ့ချစ်သူ American Football ကစားသမား ထရာဗစ် ကယ်လ်စီနဲ့ စေ့စပ်လိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်မှာ “ခင်ဗျားတို့ရဲ့ အင်္ဂလိပ်စာဆရာမနဲ့ ကိုယ်ကာယပညာဆရာတို့ လက်ထပ်တော့မယ်”လို့ ရေးသားလွှင့်တယ်ပြီး သူမနဲ့ သူမရဲ့ချစ်သူတို့ စေ့စပ်လိုက်ပြီဆိုတာကို တရားဝင်အသိပေးသွားခဲ့တာပါ။ ဒီစာသားနဲ့အတူ American Football ကလပ် Kansas City Chiefs အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကယ်လ်စီက သူမကို လက်ထပ်ခွင့်တောင်းနေတဲ့ပုံတွေကိုလည်း ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်က တွဲဖက်ဖော်ပြသွားခဲ့ပါတယ်။ တေလာဆွစ်ဖ် လွှင့်တင်ဖော်ပြထားတဲ့ဓာတ်ပုံတွေမှာ စိန်လက်စွပ်ကို ဆင်မြန်းထားတဲ့ တေလာဆွစ်ဖ်နဲ့ သူ့ချစ်သူ ကယ်လ်စီတို့ ပွေ့ဖက်ပြီး လက်ချင်းတွဲကာ ပျော်မြူးကြည်နူးနေတာကို မြင်ခဲ့ကြရပါတယ်။ မကြာသေးခင်ကမှ သူမရဲ့ ကမ္ဘာ့စံချိန်တင် Eras Tour ပြီးဆုံးခဲ့တဲ့ တေလာဆွစ်ဖ် […]

မြန်မာဘက်က မှောင်ခိုသယ်လာသောဆေးလိပ် ဘတ်သန်း ၆၀ ကျော်ဖိုး ထိုင်းရဲဖမ်းမိ

Dawei Watch

August 26, 2025

မြန်မာနိုင်ငံဘက်က မှောင်ခိုသယ်ဆောင်လာသော ထိုင်းဘတ် သန်း ၆၀ ကျော် တန်ဖိုးရှိ ဆေးလိပ်များကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဂိတ်ရှိ အကောက်ခွန်ဌာနက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြဝတီမြို့ဘက်မှ မဲဆောက်ဘက်သို့ အကောက်ခွန်ဌာနသို့ တင်ပြခြင်းမရှိဘဲ တင်သွင်းလာသဖြင့် အကောက်ခွန်ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း သိမ်းဆည်းရမိသော ဆေးလိပ်များမှာ အရေအတွက် ၁၅ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၆၃ သန်းကျော် တန်ဖိုးရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဆေးလိပ်များကို ထိုင်းအကောက်ခွန်ဌာန၊ ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းစစ်တပ်များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ လက်ရှိတွင် ဆေးလိပ်များကို မဲဆောက်မြို့ အကောက်ခွန်ဌာနက သိမ်းဆည်းထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ မှောင်ခိုတင်သွင်းလာသူများအား […]

မြောက်ကိုးရီးယားသမ္မတနှင့် တွေ့ဆုံလိုဟု ဒေါ်နယ်ထရမ့်က တောင်ကိုးရီးယားသမ္မတကိုပြော

Dawei Watch

August 26, 2025

မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအွန်းနှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံခဲ့သော တောင်ကိုးရီးယားသမ္မတအသစ် လီဂျေးမြောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ ယခုနှစ် ဇွန်လက တောင်ကိုးရီးယားသမ္မတအသစ်ဖြစ်လာသော လီဂျေးမြောင်သည် အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ဒေါ်နယ်ထရမ့်နှင့် ကုန်သွယ်ရေးကဏ္ဍ၊ ကိုးရီးယားကျွန်းဆွယ် လုံခြုံရေးကဏ္ဍများအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော် သူ့ကို (ကင်ဂျုံအွန်း) ဒီနှစ်အတွင်း တွေ့ချင်ပါတယ်။ နောက်ပိုင်းမှာ ကင်ဂျုံအွန်းနဲ့ ဆွေးနွေးဖို့ စောင့်မျှော်နေတာပါ” ဟု တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင်ကို လက်ခံတွေ့ဆုံစဉ် ဒေါ်နယ်ထရမ့်က သတင်းထောက်များကိုလည်း ပြောကြားခဲ့သည်။ သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း ကိုးရီးယားကျွန်းဆွယ်ထဲ ပိုမိုငြိမ်သက်လာပြီးနောက် ကိုးရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးရန် တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင်က ထရမ့်ကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ “ခဗျားက ကမ္ဘာ့ငြိမ်းချမ်းရေးတွေမှာ ပိုမိုစိတ်ဝင်စားတဲ့ ပထမဆုံးသမ္မတဖြစ်တယ်လို့ […]

မုန်တိုင်းကြောင့် ထိုင်းနိုင်ငံအတွင်း မိုးကြီး၊ လေပြင်းတိုက်နိုင်ကြောင်း သတိပေး

Dawei Watch

August 25, 2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ကဂျီကီကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းခရိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်နိုင်ကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က သတိပေးထားသည်။ ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းအရှိန်ကြောင့် ခရိုင် ၄၀ ကျော်တွင် မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်၊ နန်း၊ နခွန်ပနွန်၊ အမ်နန်ချလွန်၊ နခွန်နယွတ်၊ ချတ်ထဘူရီ၊ တရတ်၊ ဖန်ငါး၊ ဖူးခက်ခရိုင်များတွင် မိုးကြီး ရေလျှံနိုင်ပြီး မြေများ အိမ်များ ရေတိုက်စားနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ဖစ်စနူလို့၊ အန်ထောင်၊ အယုဒ္ဓယခရိုင်များတွင်လည်း‌ ကျောက်ဖရားမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံနိုင်ကြောင်း သတိပေးထားသည်။ ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းခရိုင်များတွင်လည်း မိုးရွာသွန်းမှုများနိုင်သလို […]

ထိုင်းတွင် ကျောင်းသားဗီဇာဖြင့်နေသူ တစ်သောင်းနီးပါးကို ဗီဇာရုပ်သိမ်း

Dawei Watch

August 23, 2025

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသား ၁၀၀၀၀ နီးပါးကို နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော ရေတိုကျောင်းသားဗီဇာ ၁၀၀၀၀ ကျော်ကို နေထိုင်ခွင့် ပြန်လည်ရုပ်သိမ်းထားကြောင်း ဝန်ကြီး Sudawan Wangsuphakijkosol က ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရုပ်သိမ်းခံရသော နိုင်ငံခြားသားများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။ ဘွဲ့ဒီဂရီပေးအပ်ခြင်းမရှိသော ရေတို နိုင်ငံတကာကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသူများလာသဖြင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် လဝကတို့ ပူးပေါင်း၍ အချက်အလက်များကို ကောက်ယူကာ နေထိုင်ခွင့် ဗီဇာများကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် မေလကတည်းက နိုင်ငံတကာကျောင်းသားများကို […]